ကမ်းနီးငါးဖမ်း ဧရိယာအတွင်း ငါးဝင်ဖမ်းသည့် ၀ါးလတ်လှေ နှစ်စီးအား တပ်မတော်(ရေ)မှ ဖမ်းဆီး

ပို့စ်တင်ချိန် - 3/09/2014 12:42:00 PM


၂၀၁၄ခုနှစ် မတ်လ (၇) ရက်နေ့ ည(၉) နာရီ အချိန်ခန့်တွင် ကျွန်းစုမြို့နယ် ဒုံးကျွန်း၏ အရှေ့တောင်ဘက် (၁)မိုင်ခန့် အကွာ ကမ်းဝေးလှေများ ငါးမဖမ်းရ နေရာ အဖြစ် သတ်မှတ်ထားသည့် ကမ်းနီး ငါးဖမ်း ဧရိယာ အတွင်း ၀င်ရောက် ငါးခိုးဖမ်းနေသော အလျား (၇၀)ပေ (၈)လက်မ၊ အနံ (၁၅)ပေ ၊ (၅) လက်မ ၊ မြင်းကောင်ရေ (၂၈၀)ခန့် HENO EK – 100 (၆)လုံးထိုး စက်မကြီး တပ်ဆင်ထားသည့်  အောင်ချစ်ကိုကို (တ-၂၅၈) အမည်ရှိ စည်းပျက် ၀ါးလတ် ငါးဖမ်းလှေ တစ်စီးအား လှေသား (၁၄) ဦးဖြင့် လည်းကောင်း ၊ ည (၉)နာရီ ခွဲ အချိန်ခန့်၌ ဒုံးကျွန်း အရှေ့ဘက် (၁)မိုင်ခွဲခန့် အကွာတွင် အလျား (၇၃)ပေ၊ (၂)လက်မ၊ အနံ (၁၇)ပေ (၂)လက်မ ၊ ၊ မြင်းကောင်ရေ (၂၈၀)ခန့် HENO EK – 100 (၆)လုံးထိုး စက်မကြီး တပ်ဆင်ထားသည့် မြင့်မြတ်သိန်း - ၅ (တ-၂၆၃) အမည်ရှိ စက်ပျက် ၀ါးလတ် ငါးဖမ်းလှေ တစ်စီး စုစုပေါင်း (၂) စီးအား တနင်္သာရီ ရေတပ် စခန်း ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ ဗိုလ်ကြီး သက်ထွန်းအောင် ဦးစီး အမှတ် (၆၁၁) ထောက်ပံ့ရေး ရေယာဉ်မှ ပင်လယ်ပြင် စိုးမိုးရေး ဆောင်ရွက်နေစဉ် ဖမ်းဆီး ရမိကြောင်း သိရသည်။

အဆိုပါ စည်းပျက် ၀ါးလတ် ငါးဖမ်းလှေ နှစ်စီးအား လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန မြိတ်မြို့ သို့ လွှဲပြောင်းပေးအပ် ထားကြောင်း သတင်းရရှိသည်။



မြိတ်ပုလဲမြေ