၇ နှစ် သမီး အသံပါရမီရှင်

ပို့စ်တင်ချိန် - 3/12/2014 12:55:00 PM



မကြာသေးခင်က နော်ဝေနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပတဲ့ အဆိုပြိုင်ပွဲ တခုမှာ အသက် ၇ နှစ် အရွယ်သာ ရှိသေးတဲ့ အိန်ဂျလီနာ ဂျော်ဒန် Angelina Jordan ဆိုသူ ပါရမီရှင်လေးရဲ့ ဖျော်ဖြေမှုကို အမှတ်ပေး ဒိုင်တွေပါ အံ့သြပြီး ချီးမွမ်းပြောမဆုံးအောင် ဖြစ်ခဲ့ရပါတယ်။

မတ်လ ၇ ရက်နေ့က သူ့ရဲ့ အသံပါရမီစွမ်းအာ ကောင်းလွန်းတဲ့ အဆိုပြိုင်ပွဲဝင် ရုပ်/သံကို ယူကျုမှာ တင်ခဲ့တာမှာ ရက်ပိုင်းအတွင်း ကြည့်ရှုသူပေါင်း ၂ သန်း ၆ သိန်း ကျော်ရှိသွားပါတယ်။

သူ့ရဲ့ အသံပါရမီအစွမ်းတွေကို ဧရာဝတီပရိသတ်လည်း ခံစားကြည့်နိုင်ပါတယ်။




အိမ့်သံစဉ် ~