ရေချိုးခန်းအိမ်သာ ကျင်းတူးရာမှ တရုတ်လက်ပစ်ဗုံး (၁) လုံးတွေ့ရှိ

ပို့စ်တင်ချိန် - 3/11/2014 09:54:00 PM


ပုသိမ် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ် (၆) ရပ်ကွက်၊ အောင်ချမ်းသာ (၅) လမ်း၌ မတ်လ(၁၀)ရက်နေ့၊ နံနက် (၈) နာရီ အချိန်က ရေချိုးခန်းအိမ်သာကျင်းတူးရာမှ တရုတ်လက်ပစ်ဗုံးတစ်လုံးတွေ့ရှိရသည်။
အဆိုပါ တရုတ် ၉၁ လက်ပစ်ဗုံးအား အောင်ချမ်းသာ(၅)လမ်းနေ ဦးမြင့်သန်း၊ အသက် (၅၄)နှစ်၊ (ဘ) ဦးအုန်းမြိုင်၏ နေအိမ် တွင် ရေချိုးခန်းအိမ်သာကျင်းတူးရာ အလုပ်သမား ကိုစိုးမင်းအောင်မှတူးဖော်တွေ့ရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့်ပုသိမ်မြို့မ ရဲစခန်းသို့ အကြောင်းကြားရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အမှတ်(၉၀၇) စစ်မြေပြင် အင်ဂျင်နီယာတပ် သို့ အကြောင်းကြားခဲ့သည်။ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ လာရောက်စစ်ဆေးပြီး ၄င်းဗုံးမှာ ပေါက်ကွဲနိုင်ကြောင်း ပြောပြ သိရှိရသည်။
အဆိုပါ လက်ပစ်ဗုံးအား အမှတ် (၄၄၄) စနခတပ်ရင်းမှ အရာခံဗိုလ်ခင်မောင်ဖြူမှ လာရောက်စစ်ဆေးပြီး၊ ပုသိမ် မြို့မရဲ စခန်းမှ ဒုရဲအုပ်မောင်မောင်ဆွေမှ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်တင်မိုးဝင်းထံသို့ နေ့လည် (၁) နာရီအချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar