ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 3/21/2014 06:46:00 PM


ပုသိမ်ကြီး မတ် ၂၀

ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်ကြီးပိုင် မြ၀တီရပ်ကွက်ငယ်တွင် မတ် ၂၀ ရက် နံနက် ၅ နာရီခန့်က လျှပ်စစ်ဝါယာရှော့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ အဆိုပါရပ်ကွက်နေ ဦးကျော်ဝင်း (၇၅နှစ်) သည် လျှစ်စစ်ဟင်းအိုးဖြင့် ဟင်းချက်ရာမှ ၀ါယာရှော့ဖြစ်၍ မီးလောင်ခြင်းဖြစ်ပြီး အိမ်အမိုး (၀ါးကပ်) အနည်းငယ်နှင့် ၂၄ လက်မ TV တစ်လုံး မီးလောင်ဆုံးရုံးခဲ့သည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ်(၁) စီး၊ မီးသတ်ဝန်ထမ်း (၆) ဦး၊ အရံမီးသတ်များ၊ လုပ်သားပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ကြသောကြောင့် နံနက် ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

MOI Webportal Myanmar