ငြိမ်းချမ်းရေး ကြွေးကျန်ပေးဖို့ရှိဟု ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာဖော်ပြ

ပို့စ်တင်ချိန် - 3/23/2014 04:41:00 PM


တကယ့် ငြိမ်းချမ်းရေးအစစ် မြင်သွားချင်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအပေါ် အကြွေးဆပ်ဖို့ ကျန်နေတယ်လို့ သခင်ကိုယ်တော်မှိုင်း ၁၃၈ နှစ်ပြည့်မွေးနေ့ကို ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

တိုင်းပြည် လွတ်လပ်ရေးဆုံးရှုံးခဲ့တာရော လွှတ်လပ်ရေးရရှိခဲ့တာကိုရော မြင်တွေ့ခွင့်ရခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ ငြိမ်းချမ်းရေးကို အင်မတန် မြတ်နိုးသူလို့လည်း ဒေါ်အောင်ဆန်းစုကြည် က သူ့သ၀ဏ်လွှာမှာ ဂုဏ်ပြုဖော်ပြပါတယ်။

သခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြီး သခင်ကိုယ်တော်မှိုင်း ၁၃၈ နှစ်ပြည့် မွေးနေ့ကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ဆရာကြီးမွေးနေ့ဖြစ်တဲ့ မတ်လ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အလားတူ အခမ်းအနားတခုကို စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

DVB Burmese