ဘာ့ကြောင့် ဆံပင်အရှည် နှေးရတာလဲ

ပို့စ်တင်ချိန် - 3/26/2014 09:41:00 AM


တချို့တွေကဆံပင်အရှည်မြန်တတ်ကြပြီးတချို့တွေကဆံပင်အရှည်နှေးတာကိုကိုယ်တိုင်သတိထားမိတတ်ကြပါတယ်။ဘာကြောင့်ဆံပင်အရှည်နှေးရသလဲဆိုတဲ့အကြောင်းအရာတွေကိုရေးသား
လိုက်ပါတယ်။

မျိုးရိုးဗီဇ

လူတစ်ဦးချင်းဆီမှာဆံပင်ပေါက်တဲ့ဖြစ်စဉ်တွေမတူညီတတ်ကြပါဘူး။လေ့လာကြည့်မယ်ဆိုရင်၂-နှစ်ကနေ၆-နှစ်အတွင်းဆံပင်ရဲ့
အရှည်ကတစ်ယောက်နဲ့တစ်ယောက်မတူညီတာကိုတွေ့နိုင်ပါတယ်။
အများစုမှာတော့၁-လအတွင်းမှာဆံပင်လက်မ၀က်လောက်
ရှည်ထွက်လာတတ်ပါတယ်။အာဖရိကန်တွေထက်အာရှသားတွေ
ကဆံပင်ရှည်တာနည်းနည်းနှေးတတ်ပါတယ်။

ဆံပင်ကျွတ်ခြင်း

လူတိုင်းဆံပင်ကျွတ်ကြပါတယ်။ဒါဟာသဘာဝပါပဲ။ကျွတ်သွားတဲ့ဆံပင်တွေနေရာမှာဆံပင်အသစ်တွေအစားထိုး
ပေါက်လာပါတယ်။အများစုကတစ်နေ့ကိုဆံပင် ၁၀၀ နီးပါးကျွတ်တတ်ကြပြီးအဲဒီနေရာဆံပင်အသစ်တွေအမြန်
ဆုံးပြန်ပေါက်လာပါတယ်။ဆံပင်ရဲ့ပြန်ပေါက်နှုန်းကကျွတ်တဲ့နှုန်းထက်နှေးနေရင်တော့ဆံပင်တွေကျဲပါးလာပါတယ်။
ဆံပင်ကျဲပါးလာရတဲ့အကြောင်းတွေကအများကြီးရှိပါတယ်။

အသက်အရွယ်နှင့်စိတ်ဖိစီးမှု

အသက်ကြီးလာရင်ဆံပင်တွေကအားနည်းလာပါတယ်။အနှစ်နှစ်အလလကအပူပေးပြီးဆံပင်ပြုပြင်တာ၊ဓာတုပစ္စည်းတွေအသုံးပြုပြီး
ဆံပင်ကောက်တာ၊ဖြောင့်တာတွေလုပ်တာစတာတွေကဆံပင်တွေကို
ပျက်စီးစေပါတယ်။အသက်ကြီးလာတဲ့အခါဆံပင်ကကျွတ်တာများပြီး
ပြန်ပေါက်တာနည်းလာလို့ဆံပင်ကျဲလာပါတယ်။အသက်၄၅-နှစ်ကျော်လာတဲ့
အခါဆံပင်ကအဆီထွက်တာသိသိသာသာနည်းလာပြီးဆံသားတွေခြောက်
သွေ့ကာကြမ်းလာပါတယ်။စိတ်ဖိစီးမှုတွေများတာ၊နေထိုင်မကောင်းတာတွေ
ဖြစ်ရင်လည်းဆံပင်ကျွတ်တတ်ပါတယ်။စိတ်ခံစားမှုနဲ့ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှု
တွေကဆံပင်ကျွတ်တာနဲ့ဆက်စပ်မှုရှိပါတယ်။မျက်နှာနဲ့
ဆံပင်ပေါင်းတင်တာ၊ညင်သာစွာနှိပ်နယ်ပေးတာတွေကဆံသားသန်စွမ်းစေဖို့
အားပေးပါတယ်။

အဖျားနှစ်ခွကွဲခြင်း။

မကြာခဏခေါင်းဖြီးတာ၊ဆံပင်ပုံစံအမျိုးမျိုးပြုပြင်တာ၊ဆံပင်အရောင်ချွတ်တာစတာတွေလုပ်ပါကဆံပင်အဖျား
နှစ်ခုကွဲတာဖြစ်နိုင်ခြေများပါတယ်။ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာ၊နေရောင်ခြည်ထိတွေ့မှုများ
တာတွေကဆံသားခြောက်သွေ့ပြီးကြွပ်ဆတ်လာပါတယ်။ဆံပင်အရောင်ချွတ်တာ၊ဓာတုပစ္စည်းအသုံးများတာ
တွေကဆံပင်ရဲ့ကျုံ့နိုင်ဆန့်နိုင်အားလျော့နည်းစေပြီးအစိုဓာတ်ကိုလျော့နည်းစေပါတယ်။ဆံသား၁-လကိုလက်မတစ်ဝက်လောက်ရှည်ထွက်ပါတယ်။ဒါပေမယ့်ဆံသားအဖျားကနှစ်ခုကွဲပြီးကျိုးပြတ်တာကြောင့်ဆံပင်က
ရှည်ထွက်မလာပါဘူး။ဆံပင်အဖျားတွေကိုလိမ်တာ၊ခေါက်တာတွေမလုပ်သင့်ပါဘူး။နေရောင်ခြည်ထိတွေ့မှု
နဲ့အပူပေးပြုပြင်တာတွေရှောင်ပါ။

အပူပေးပြီးဆံပင်ပြုပြင်ခြင်း။

အပူပေးပြီးဆံပင်ပြုပြင်မှုတွေမကြာခဏလုပ်တာကြောင့်ဆံသားတွေပျက်စီးတတ်ပါတယ်။ဆံပင်ပြုပြင်မှုအများစုဖြစ်တဲ့လေမှုတ်အခြောက်ခံတာ၊
ဆံပင်ဖြောင့်တာ၊အပူချောင်းသုံးပြီးဆံပင်ကောက်တာစတာတွေကို
အပူပေးပြီးလုပ်ဆောင်ရပါတယ်။အပူပြင်းပြင်းပေးတာကဆံသားရဲ့
အပေါ်ယံအလွှာကိုပျက်စီးစေပြီးဆံပင်သန်စွမ်းမှုကိုဟန့်တားထားပါတယ်။ဆီကြည်သုံးတာကဆံသားအစိုဓာတ်ကိုဖြည့်ပေးပြီးဆံသားရဲ့အပေါ်ယံအလွှာပျက်စီးမှုကိုကာကွယ်နိုင်ပါတယ်။

အစားအစာ

ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့ပါကဆံသားသန်စွမ်းမှုမရှိဖြစ်တတ်ပါတယ်။ဖာရင်တင်၊ဇင့်၊ဗီတာမင်ဘီ-၁၂၊စတာတွေကဆံပင်သန်စွမ်းပြီး
အရှည်မြန်စေပါတယ်။သံဓာတ်နဲ့ပရိုတင်းကဆံပင်သန်စွမ်းစေပြီး
အဖျားနှစ်ခွဖြစ်တာနဲ့ဆံပင်ပျက်စီးတာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ခန္တာကိုယ်မှာဖရင်တင်ချို့တဲ့ပါကဆံပင်ပြန်ပေါက်တဲ့ဖြစ်စဉ်ကို
နှေးစေတာကြောင့်ဆံပင်ကျဲပါးလာပါတယ်။သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်မှုနည်းတာ၊များတာ
တွေကလည်းဆံပင်ရှည်ထွက်မှုအပေါ်သက်ရောက်မှုရှိပါတယ်။ဆံသားအတွက်အဟာရပြည့်ဝစွာစားသုံးပြီး
ဖြည့်စွက်သောက်သုံးချင်တယ်ဆိုရင်တော့ဘိုင်အိုတင်သောက်ပါ။

ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)