မြင်သမျှ ကြားသမျှ

ပို့စ်တင်ချိန် - 3/07/2014 08:26:00 PM


► ကြီးမှ ထိန်းကြမှာလား

အခုတလော ကြားနေရတဲ့ သတင်းတွေကြောင့် တချို့ကလည်း ပျော်နေကြလေရဲ့။ ဒါဟာ ပျော်စရာသတင်းလား၊ စိတ်မကောင်းစရာ သတင်းလားတောင် ပြောမပြ တတ်အောင်ပါပဲ။ နွေရာသီဆိုရင် မြစ်ရေတွေ ခန်းခြောက်တတ်ပါတယ်။ အရင်ကတော့ မြစ်ရေခန်းခြောက်လာတာ ဘာမှမသိသာပေမယ့် အခုတော့ မြစ်ရေခန်း လို့ သောင်ထွန်းလာတဲ့အခါ သောင်ပြင်ပေါ်ပြီဆိုပြီး သောင်ခုံတွေမှာ ဈေးဆိုင်တွေခင်း၊ ရေစပ်စပ်မှာ ရေဆော့ဖို့ မြှူဆွယ်ကြနဲ့ ဖြစ်လာကြတော့တာပါပဲ။

တကယ့်ပင်လယ်အစစ်တွေက သွားဖို့လာဖို့ခက်တာအပြင် စရိတ်စက ကလည်းများလွန်းတာကြောင့် တော်ရုံလူတွေ မသွားနိုင်ပါဘူး။ ဒါကြောင့် စရိတ်စကလည်း ကျဉ်းပြီး သွားရလာရ မခက်တဲ့ သောင်ထွန်းနေတဲ့ မြစ်ရဲ့သောင်ခုံတွေကို ဦးတည်ပျော်ပါးကြတာပါပဲ။ အမှန်တော့ ဒါဟာ ပျော်စရာမဟုတ်ပါဘူး။ ဧရာ ဝ တီမြစ်ကြီး သောင် ထွန်း လာတာ ပျော်စရာ မဟုတ်ပါဘူး။ အားလုံးပဲ ”ထိန်းသိမ်းရမယ်၊ ထိန်းသိမ်းရမယ်၊ ထိန်းသိမ်းရမယ်” လို့ အော်နေကြတဲ့ မြစ်ကြီး တိမ်ကော လာ တာ၊ သောင် ခုံ ကိုဈေးခင်းပြီး ပျော်စရာရှာဖို့မဟုတ်ပါဘူး။ မြစ်ကောလို့ သောင်ထွန်းရင် ဒီသောင်ကို ပြန်တူး ထုတ်ပြီး ရေစီးရေလာ ကောင်းအောင် ပြုပြင်ရမှာပါ။ တစ်ခါ တလေ စဉ်း စား မိပါတယ်။ လူတွေကိုပါ။

”မြစ်ဆုံစီမံကိန်းကြီးရပ်တန့်ပေး။ ဧရာဝတီမြစ်ကြီး မတိမ်ကောရေး တို့ အရေး” စသည်ဖြင့် အော်နေကြတဲ့သူတွေ ပါ။ မြစ်ဆုံ လည်း ရပ်ရပါမယ်။ ဒါ့အပြင် အကြီးကြီးတွေပဲ ကြည့်မနေပါနဲ့။ အားလုံးပြောတဲ့ ဧရာဝတီပါပဲ။ အားလုံး ချစ်တယ်ဆိုပြီးဆိုနေတဲ့ ဧရာဝတီပါပဲ။ သောင်ခုံ ထွန်း တိုင်း ပျော်ပြီးဈေး ဆိုင် တည်နေတာကရော ကြည့်ကောင်းရဲ့လားလို့။

► လိုအပ်လို့ တင်နေကြတာလား

အခုတလော လွှတ်တော်အကြောင်း တီဗီကပြတာ ကြည့်ဖြစ်နေပါတယ်။ လွှတ်တော်မှာ ခေါင်းပေါင်းတလူလူနဲ့ တညီတညာတည်း ထိုင်နေကြတာ ကြည့်ကောင်းလွန်း လို့ပါ။ ကျွန်တော်တို့ဆီမှာ လူအဲဒီလောက်စုစုရှိရင် လက်သီးလက်မောင်းတန်းပြီး တို့အရေး၊ ဘာအရေး၊ ညာအရေး ကြွေးကြော် တာတွေချည်း တွေ့နေရလို့ ပါ။ အခုက အဲ ဒီလို မဟုတ်ဘူးခင်ဗျ။ အဲဒီလိုလက်သီးလက်မောင်းတန်း မကြွေးကြော်တဲ့အပြင် အောင်မယ်။ အိပ်ငိုက်နေသူတွေတောင် တွေ့ရသေး။တညီတညွတ်တည်းပါပဲ ခင်ဗျ။ သူပြောချိန်ကျ ပြော၊ ကိုယ်ပြောချိန်ကျပြော။ ရှင်းတဲ့သူကလည်း လိမ့်ပတ်လည်အောင်ရှင်းရင်း လိပ်ပက်လက်လန်သလို လည်တည်တည်တွေလည်း ကြားနေရပေါ့။ ဘာ ပဲဖြစ်ဖြစ် အားလုံးကောင်းဖို့ လုပ်နေကြတော့လည်း ဝမ်းသာစရာပါပဲ။ ဒါပေမဲ့ တစ်ခါတလေမှာလည်း ပညာရှိသတိဖြစ်ခဲလို့ ပြောရမလား။ တကယ်ပဲ မသိလို့လား မပြော တတ်ပါဘူးဗျာ။ တစ်ခါတလေ ကိုယ်နားမလည်တာတွေ တောင်ပါသဗျ။

”လပြည့်နေ့ကို တစ်ပြေးညီဖြစ်စေဖို့ ဓမ္မစက် အာဏာစက်နဲ့ ထိန်းညှိပေးဖို့”

လပြည့်တာသဘာဝခင်ဗျ။ ပြည့်ချိန်ပြည့်၊ ကွယ်ချိန်ကွယ်မှာ၊ သဘာဝတရားကို ဘယ်သူကမှ ပိုင်တာမဟုတ်ဘူးခင်ဗျ။ ဒီလို သဘာဝတရားကို ဘာစက်နဲ့မှ ထိန်းညှိလို့ မရပါဘူး။ ဒါပေမဲ့ ဒါကလည်း လွှတ်တော်ပေါ်တင်တဲ့ မေးခွန်းတစ်ခု ဖြစ်နေပြန်တော့လည်း ပြောစရာတစ်ခုပဲ ရှိတော့တယ်။ ”ဘယ်လို ပြောရမလဲပေါ့နော်”။

►ေ ကာ္မတီ

အခုတလော ကျွန်တော်တို့ဆီမှာ အများဆုံးကတော့ NGO လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတွေပါခင်ဗျ။ ဒုက္ခသည်က ဘယ်လောက်များလဲတော့မသိပါဘူး။ လူမှုကူညီမှု အဖွဲ့ တွေက များသထက် များလာပါတယ်။ ရပ်ကွက်တစ်ခုဆိုရင် အဲဒီလိုလူမှုအဖွဲ့ ဘာသာရေးအဖွဲ့၊ နာရေးအဖွဲ့စသည် ဖြင့် လေးငါးခြောက်ဖွဲ့တော့ ရှိစမြဲပါပဲ။ တစ်ခါ တလေ စဉ်းစားမိတယ်။ ဒုက္ခသည်ထက်ကို ကူညီမှုအသင်းသားက ပိုတောင် များနေသလားလို့ပါ။ အဲဒီနည်းတူပါပဲ။ အခုတလော ပိုမိုပေါများလာ တာ က ကော် မတီတွေ ပါပဲခင်ဗျ။ ဘာအတွက် ဘာကော်မတီဖွဲ့၊ ဘာအတွက် ဘာကော်မတီ။ ဘာအတွက်က ဘာကော်မတီစ သည်ဖြင့် ကော် မတီပေါင်း မြောက်မြား စွာ လည်း ပေါ် လာပါ တယ်။ ကျွန်တော် စဉ်းစားမိတယ်။ အရင်က ဒီကော်မတီတွေက မလိုအပ်လို့ မဖွဲ့ထားတာလား၊ အခုမှလိုအပ်လို့ ဖွဲ့တာလား။ ဒါဆို အရင်က ဒီအဖွဲ့အစည်းတွေ ဘယ် လိုနေကြသလဲ ဆိုတာပါပဲ။

”လာဘ်စားမှု တိုက်ဖျက်ရေးကော် မတီ”

အခုမှ ဝန်ထမ်းတွေ လာဘ်စားလို့ ဖွဲ့တာလား၊ အရင်က ဝန်ထမ်းတွေက လာဘ်မစားခဲ့လို့ မဖွဲ့ခဲ့တာလား။ စဉ်းစားရတာ ဥာဏ်မမီလိုက်တာဗျာ။

► စီးပွားရေးလုပ်ငန်းရှင်ဆိုတာ

နိုင်ငံတော်သမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ သတင်းကလည်း စိတ်ဝင်စားခဲ့မိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများက သမ္မတနဲ့ တွေ့ ဆုံပြီး ပြည် သူလူထုအတွက် ဘာတွေ စွမ်းစွမ်းတမံလုပ်ဆောင်ပေးမယ်ဆိုတာ သိချင်ခဲ့မိပါတယ်။ သူတို့တွေ နင်းချေခဲ့သမျှ ဘာတွေပြန်လည်စိုက် ပျိုးပေးမယ် ဆိုတာ ကိုပေါ့။ တကယ်တမ်းကျတော့လည်း ထုံးစံအတိုင်းပါပဲ။ သူတို့ရဲ့လိုအပ်ချက်တွေချည်း တင်ပြသွားတာ တွေ့ရတော့၊ ”အော်၊ သူတို့လောဘ ပင်လယ်ဝပါပဲ လား လို့”ပင်လယ် ဝ ဆိုတာ သိတယ်မဟုတ်လား။ ဘယ်လောက်ဝင်လာဝင်လာလို့ ရတယ်။ ဝင်လာသမျှ ဘယ်တော့မှ မပြည့်နိုင်။ ဖြည့်သမျှမပြည့်တဲ့ ပင်လယ်ဝ တွေပါပဲ။

ပြည်သူတွေက ”ခရိုနီ” လို့ သုံးနှုန်းတော့ နာကြရဲ့။ ဒါပေမဲ့သူတို့တွေဟာ ပြည်သူတွေကို လုံးဝစေတနာ မရှိတာ သေချာတယ်။ ဒီလောက်တောင် ပြည်သူတွေ က ပြည်သူ အချင်းချင်း ပြန်လည်ဖေးမနေတာ မြင်ပါလျက်နဲ့ ဘာမှ ဝင်လုပ်ပေးဖို့ မရှိတာကလည်း အံ့သြစရာပါပဲ။ စကားတစ်ခွန်းကတော့ သူတို့နဲ့ ကွက်တိပါပဲ။

”ဘယ်သူသေသေ ငတေတို့က ခပ်တည်တည်ပဲ”

► လစာတွေချည်း တိုးကြမှာလား

မကြာမကြာကြားနေရတဲ့သတင်းပါပဲ။ လစာတိုးတဲ့ သတင်းပါပဲ။ သတင်းကောင်းတစ်ခုပါ။ ကျွန်တော့်ရဲ့ အဖေကိုယ်တိုင် အစိုးရပင်စင်စားမို့လစာတိုး တဲ့သတင်းက အဖေ့ အစားလည်း ပျော်ရပါတယ်” ဒါပေမဲ့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ လစာတိုးပြီ သတင်းကြားတာနဲ့ သူနဲ့ ခေတ်ပြိုင်အမြဲတမ်းလိုက်တိုးတာ ကုန်ဈေးနှုန်းပါပဲ။ ဒါကြောင့် လစာတိုး လိုက် လို့ ပိုပြီး ချောင်လည်သွားတာ တစ်ယောက်မှ မတွေ့ရပါဘူး။ ကျပ်မြဲကျပ်ဆဲပါပဲ။ ဘယ်လိုလုပ် ချောင်နိုင်ပါ့မလဲ။ လစာတိုးတာက နည်းနည်း။ ကုန်ဈေးနှုန်း တက် တာ ကများများမို့ ချောင်ချင်လို့ တက္ကစီငှားစီးပါမှ လူတွဲနဲ့ မိနေသလို ဖြစ်နေရပါတယ်။

တစ်ခါတလေ စဉ်းစားတယ်။ ကုန်ဈေးနှုန်းကို ဘယ်သူတွေကများ ထိန်းချုပ်နေတာလဲ။ ပြည်သူအတွက် စီးပွားရေးကို ဘယ်သူတွေကများ လုပ်ပေးနေတာလဲ။ လူမရှိဘူး လား။ မရှိတာလား။ လစာချည်းပဲ တိုးနေလို့ ဖြစ်ပါ့မလား။ ကုန်ဈေးနှုန်းကိုမှ မထိန်းချုပ်နိုင်ရင် လစာတိုးတာ သွေးတိုးရောပါ ပိုရစေမှာပါပဲ…

အကြည်တော်
Popular Myanmar News Journal