တစ်ကမ္ဘာလုံးက ဝိုင်းရှာပေမယ့် မတွေ့နိုင်သေးတဲ့ မလေးရှား လေယာဉ်

ပို့စ်တင်ချိန် - 3/11/2014 12:07:00 PM


မလေးရှား လေကြောင်းလိုင်းမှ MH370 လို့ အမည်ရတဲ့ လေယာဉ် ပျောက် ဆုံး မှု တစ်ကမ္ဘာလုံး သိရှိနေပြီး ဖြစ်ပါတယ်။ မတ်လ ၈ ရက်နေ့က မလေးရှား ကွာလာလမ်ပူ မှ တရုတ်ပြည် ပေကျင်း ကို အသွားမှာ ပျောက် ဆုံး သွားပြီး ပျောက်ဆုံးတယ်လို့ ခန့်မှန်း ရတဲ့ နေရာ ကို ထိုင်း ကမ်းမြောင် ဒေသနဲ့ တောင်တရုတ်ပင်လယ် ဆိုပြီးတော့ သတ်မှတ် ထားပါတယ်။

မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အမေရိကန်၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ စင်္ကာပူ၊ တရုတ်ပြည်မ၊ တောင်ကိုရီးယား အစရှိတဲ့ နိုင်ငံ အားလုံး ပူးပေါင်းလို့ တောင်တရုတ်ပင်လယ် မှာကော၊ ထိုင်း ကမ်းမြောင် ဒေသ မှာကော စစ်အင်အား၊ နည်းပညာ အား၊ ကယ်ဆယ်ရေး တပ် အင်အား သုံးလို့ ရှာဖွေ လျက် ရှိပါတယ်။ ရေတပ် ရေယာဉ်များ၊ ရေငုပ် သင်္ဘောများ အပြင်၊ လေကြောင်းမှနေလည်း ရှာဖွေ နေပါတယ်။ ဂြိုလ်တု အကူအညီနဲ့ ရှာဖွေနေတာတောင် အစအန မတွေ့ရ သေး ပါဘူး။ တွေ့မယ် လို့ ထင်ရလိုက်တိုင်း ကြည့်လိုက်တဲ့ အခါမှာ MH370 မဟုတ်ပဲ ဖြစ်နေ ပါတယ်။

ခရီးသည်ပေါင်း ၂၂၇ ဦး ပါဝင်ပြီး လေယာဉ်ဝန်ထမ်း ၁၂ ယောက် ထပ်ပါဝင် ပါသေးတယ်။ တရုတ် နိုင်ငံသား ၁၅၃ ဦး ပါဝင်ပြီး သြစတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနိးရှား၊ မလေးရှား၊ နယ်သာလန်၊ နယူးဇီလန်၊ ရုရှား၊ ထိုင်ဝမ်၊ ယူကရိန်း၊ ပြင်သစ် အစရှိတဲ့ နိုင်ငံများ မှ နိုင်ငံသား ခရီး သည်နဲ့ ဝန်ထမ်းများ ပါဝင် ပါတယ်။

ယင်း လေယာဉ်ကို အမြန်ဆုံး ပြန်လည် တွေ့ရှိ နိုင်ဖို့ ကြိုးပမ်း လျက် ရှိကြောင်း သိရ ပါတယ်။ လေယာဉ်နဲ့ ပက်သက်တဲ့ Update သတင်းကို ရိုးရာလေးမှ တင်ဆက် ပေး ပါ့မယ်။

Yoyarlay