ကြက်ပေါင်သား အချိုချက်

ပို့စ်တင်ချိန် - 3/30/2014 12:34:00 PM


ဒီနေ့ချက်ဖြစ်တဲ့ ကြက်ပေါင်သား အချိုချက်လေးပါ ဟင်းအစပ်မစားသူတွေအတွက် အဆင်ပြေစေတဲ့ဟင်း တစ်မယ်ပါ  ကြက်ပေါင်သားကိုအရိုးဖယ်လိုက်ပြီး အသားကိုအနေတော်လေးတွေတုံးကာ အရသာနယ်ပြီး ချက်ထားတာမို့စားလို့ကောင်းပါတယ် ချက်ပုံချက်နည်းလေးက ရိုးရိုးလေးမို့ မည်သူမဆိုချက်နိုင်တဲ့ ဟင်းလေးပါ။
ပါဝင်တာလေးတွေကတော့

အရိုးထွင်ပြီးအနေတော်လှီးထားသောကြက်ပေါင်  - 500g
ဆား လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
အရသာမှုန့်  လက်ဖက်ရည်ဇွန်း တစ်ဝက်
ပဲငံပြာရည်အနောက်ရည် ထမင်းစားဇွန်း တစ်ဇွန်း
ဆီ ထမင်းစားဇွန်း သုံးဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ညက်နေအောင်ထောင်းထားသောချင်း လက်တစ်ဆစ်ခန့်
ညက်နေအောင်ထောင်းထားသောကြက်သွန်ဖြူ သုံးမွှာ
ညက်နေအောင်ထောင်းထားသောစပါးလင် တစ်လက်မခွဲသာသာ
လေးစိတ်စိတ်ထားသော ကြက်သွန်နီ  အနေတော် တစ်ဥ
ညက်နေအောင်ထောင်းထားသောကြက်သွန်နီ တစ်စိတ်

ချက်ပြုပ်နည်း
ဆီကိုမီးအပူပေးပါ
ကြက်သားကို ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့မချက်ခင်ကြိုပြီးနယ်ပေးထားပါ
ဆီပူလာပါက ထောင်းထားသော ကြက်သွန်ဖြူ နီ ချင်း စပါးလင်တို့ကိုမွှေးလာအောင်ဆီသတ်ပါ
ကြက်သားကိုထဲ့ပြီး မာလာတဲ့ထိဆီဆက်ပြီးသတ်ပေးပါ
ကြက်သားမာလာပါက ရေမြုပ်အောင်ထဲ့ပြီး တည်ပေးပါ
ကြက်သားနူးလာပါက ရေမခမ်းခင်ပဲငံပြာရည်နှင့်လေးစိတ်စိတ်ထားသော ကြက်သွန်နီတို့ကိုထည့်ပေးပါ
ရေခမ်းပြီးဆီပြန်ပါက ကြက်သားအချိုချက် မွှေးမွှေးလေးရပါပြီ
အရသာမြည်းပြီး မီးပိတ်နိုင်ပါပြီ။

စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ