ကိုးနှစ်နှင့် လေးနှစ်အရွယ် မောင်နှမနှစ်ဦး ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 3/05/2014 05:48:00 PM


ဇော်ဇော်ထွေး

တွံတေးမြို့နယ်တွင် အသက်ကိုးနှစ်နှင့် အသက်လေးနှစ်ရှိ မောင်နှမတော်စပ်သူ ကလေးနှစ်ဦး ရေနစ်သေ ဆုံးမှုတစ်ခု မတ် ၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

တွံတေးမြို့နယ်၊ သ၀န်းတောကျေးရွာတွင် ကလေးနှစ်ဦးရေနစ်သေဆုံးကြောင်း ည ၁၁ နာရီအချိန်တွင် သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

သေဆုံးသူများမှာ ယင်းကျေးရွာတွင် နေထိုင်သည့် တတိယတန်းကျောင်းသူ မမြထက်မိုး ကိုးနှစ်နှင့် သူမ၏ မောင်တော်စပ်သူ မောင်လင်းလင်းထက်လေးနှစ်တို့ဖြစ်ပြီး ရေနစ်သေဆုံးသည့် လက္ခဏာများဖြင့်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ကလေးနှစ်ဦးသည် နေ့လယ် ၁၂ နာရီက နေအိမ်နောက်ဖေးတွင် ဆော့ကစားနေရာ မှ မတွေ့ရှိဘဲ ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေခဲ့ရသည်ဟု ကလေးမိခင်ဖြစ်သူ ဒေါ်စန်းဦးက ရဲထံ ထွက်ဆိုထားသည်။

ထို့နောက် အိမ်နောက်ဘက် ပေ ၆၀ ခန့်အကွာရှိ အလျားပေ ၃၀၊ အနံပေ၂၀၊ အနက် ၁၃ ပေခန့်ရှိ ရေ ကန်ထဲတွင် ရေဆင်းချိုးရာမှ ရေနစ်သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲထံတွင် ဆက်လက်ထွက်ဆို ထားသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ကလေးနှစ်ဦး၏ အလောင်းကို ဆေးရုံသို့ပို့ဆောင် စစ်ဆေးလျက်ရှိပြီး ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ဆက်လက် စစ်ဆေးလျက် ရှိသည်။

Mizzima Burmese