၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မုံရွာမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 3/24/2014 10:12:00 AM


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ မတ် ၂၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယခုလ ၂၃ ရက်နေ့မနက် ၉ နာရီအချိန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင်ကျင်းပသူ ဦးညီပုက မဇ္ဈိမသို့ပြော သည်။
“ ဖွဲ့စည်းပုံပြင်မှ နိုင်ငံတိုးတက်မည်…၊ ဖွဲ့စည်းပုံပြင်မှ နိုင်ငံငြိမ်းချမ်းမည်…၊ ဖွဲ့စည်းပုံပြင်မှ နိုင်ငံသားအခွင့်အ ရေး အပြည့်အ၀ရရှိမှာဖြစ်ပါတယ်..” ဟု ဦးညီပုမှ ဆက်လက်၍ ပြောပြခဲ့သေးသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား မုံရွာပြည်သူ့အားကစားကွင်းတွင် လူစုဝေးခဲ့ကြပြီး အမျိုးသား ပြန်လည်ရင် ကြားစေ့ရေး၊ လေးပွင့်ဆိုင် ဆွေးနွေးရေး၊ ပြည်တွင်းစစ် ငြိမ်းချမ်းရေး၊ အခန်း(၁၂) ပုဒ်မ(၄၃၆) ပြင်ဆင်ရေး ၊ နိုင်ငံသားအခွင့် တန်းတူရေး၊ ၅၉(ဃ)(စ)ကိုပြင်ဆင်ရေး စသည့် လက်ကိုင်ပိုစတာကြီးများ ကိုင်ဆောင်ကာ လူအင်အား ၄၀၀ ခန့်က မြို့ပတ်စီတန်းလှည့်လည်၍ ကြွေးကြော်သံများ ဟစ်ကော်ကာ ဆန္ဒဖော် ထုတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် လက်ပံတောင်းတောင်ဒေသခံ တောင်သူအချို့လည်း မုံရွာမြို့သို့လာရောက် ပါဝင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပ ဆန္ဒဖော်ထုတ်မှုအား မနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာပြီးဆုံးခဲ့ ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း