လက်ပံတောင်း တောင်ကြားစေတီနှင့် လယ်တီသိမ်တော်တွင် ဂြိုလ်စာ၊ နတ်စာကျွေးပွဲ ပြုလုပ်

ပို့စ်တင်ချိန် - 3/30/2014 06:00:00 PM


သတင်း၊ ကိုတိုးကြီး
ဆားလင်းကြီး၊ မတ် ၃၀
မကြာမီရွှေ့ပြောင်းတော့မည်ဖြစ်သည့် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအနတွင်းရှိ တောင်ကြားစေ တီနှင့် လယ်တီသိမ်တော်ကုန်မြေတွင် ယခုလ ၂၉ ရက်နေ့ မနက် ၅ နာရီအချိန်က ဂြိုလ်စာ၊ နတ်စာကျွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ ကြောင်း ၀မ်ပေါင်ကုမ္မဏီလုပ်သားတစ်ဦးက မဇ္ဈိမသို့ပြောပြသည်။
“ သင်္ကြန်ရက်မတိုင်မီ အပြီးရွှေ့ပြောင်းဖို့ စီစဉ်ထားပါတယ်..။ ပြောင်းရွှေ့မယ့် နေရာသစ်ကိုလည်း ဘာသာရေးဓလေံထုံးစံများနှင့်အညီ လုပ်သင့်လုပ်ထိုက်တာတွေကို ပြုလုပ်နေပါပြီ..” ဟု စစ်ကိုင်းတိုင်းဒေသကြီး သာသနာရေးဝန်ကြီးဌာနရှိ အမည်မဖော်လိုသည့် ၀န်ထမ်း တစ်ဦးမှ အတည်ပြုပြောကြားသည်။
အဆိုပါ ဂြိုလ်စာ၊ နတ်စာကျွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်၊ တိုင်းသာသနာရေးဝန်ကြီး ဦးတင်ဝင်း၊ တိုင်းသာသနာရေး ဦးစီးမှူး ဦးစိုးဝင်း၊ နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် စီမံကိန်းတာဝန်ခံ ဗိုလ်မှူးကြီး(ငြိမ်း) ဦးလှစိန် ဆိုသူတို့က တက်ရောက်၍ အမျှအတမ်းပေးဝေခြင်းများပြုလုပ်ခဲ့ကြသည်။
ထို့နေ့ညနေပိုင်း ၅ နာရီအချိန်တွင် အဆိုပါ လက်ပံတောင်း တောင်ကြားစေတီနှင့် လယ်တီသိမ်တော် ကုန်းမြေပေါ်တွင် ဆားလင်းကြီးမြို နယ် သံဃာ့နာယက ၊ ကံဆွယ်ကျောင်းတိုက် ဆရာတော် ဥူးကောဝိဒ ဦးဆောင်သည့် ပင့်သံဃာ(၉)ပါးတို့က အချိန်တစ်နာရီကြာမျှ အန္တ ရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တာဝန်ရှိဝန်ကြီးများ၊ ကုမ္မဏီ၏ စီမံကိန်းတာဝန်ခံများ တက်ရောက်၍ အနုမောဒြာခေါ်ဆိုခဲ့ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း