ဗုံးသီးဟောင်းအား တုတ်ဖြင့်ရိုက်ကစားရာက ပေါက်ကွဲ၍ သေဆုံး

ပို့စ်တင်ချိန် - 3/04/2014 11:11:00 PM

အင်တာနက်မှတွေ့ရသည့် ဗုံးသီးဟောင်း တစ်လုံး

နေပြည်တော်၊ မတ် ၃

၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဖက်တောရွာ အရှေ့ဘက်(၃)မိုင်ခန့် အကွာရှိ ကွင်းအတွင်း ၎င်းရွာနေ တင်စိုးလင်း (၂၀)နှစ်၊ မိုးဒီ(၈)နှစ်၊ သီဟနိုင်(၇)နှစ်နှင့် သန်းမျိုးအောင်(၁၄)နှစ်တို့ ၄ ဦးသည် နွားကျောင်းနေစဉ် ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိ၍ သန်းမျိုးအောင်မှ တုတ်ဖြင့် ရိုက်ဆော့ကစားစဉ် ပေါက်ကွဲရာ သန်းမျိုးအောင်မှာ ဝဲ/ယာခြေနှစ်ဖက် ပြတ်၊ မျက်နှာဆုတ်ပြဲ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး တင်စိုးလင်း၏ ဝဲနားပေါက်ပြဲ၊ မိုးဒီတွင် ဝဲခြေသလုံး ပေါက်ပြဲ၊ သီဟနိုင်၌ ယာပေါင်ရင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သောကြောင့် ရွှေပန်းတောနယ်မြေရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar