တီဘီရောဂါဆိုတာဘာလဲ။ ဘယ်လိုကူးစက်နိုင်သလဲ။ ကူးစက်ခံရပြီဆိုရင် ဘယ်လို ကုသမလဲ။ ကုသလို့ ရတဲ့ ရောဂါလား။

ပို့စ်တင်ချိန် - 3/24/2014 09:10:00 AM


ဒီမေးခွန်းတွေအတွက် မိတ်ဆွေမှာ သေချာတဲ့ အဖြေရှိနေပြီလား။ မရှိသေးရင် အောက်က အသံဖိုင်လေးကို နိုပ်ပြီး တီဘီရောဂါအကြောင်း သိကောင်းစရာတွေကို နားဆင်နိုင်ကြပါပြီ။
ကမ္ဘာ့တီဘီနေ့ အထူးအစီအစဉ်အဖြစ် ဆလိုင်းထန်ကင်းမ် က တင်ဆက်ထားပါတယ်။

အဆုတ်နာရောဂါပိုးကို တွေ့ရှိတဲ့ နေ့ကို အစွဲပြုပြီး နှစ်စဉ် မတ်လ ၂၄ ရက်နေ့ မှာ ကမ္ဘာ့တီဘီရောဂါနေ့ ဆိုပြီး နိုင်ငံတကာမှာ ကျင်းပနေကြပါတယ်။
၂၀၁၄ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Reach the 3 million” - ၃ သန်းကို လက်လှမ်းပေးခြင်း ဆိုပြီး အမည်ပေးထားပါတယ်။
အကြောင်းရင်းကတော့ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း လူပေါင်း ၉ သန်းလောက် အဆုတ်နာရောဂါကူးစက်ခံနေရပြီး အဲဒီ အထဲက ၃ သန်းလောက်ဟာ ဆေးဝါး ကုသမှုမရရှိကြတဲ့ အတွက် အဲဒီ လူပေါင်း ၃ သန်းကို လက်လှမ်းပေးပါ၊ ကူညီပေးကြပါလို့ နိုးဆော်ထားတာ ဖြစ်ပါတယ်။

radioaustralia