ရေကစားမဏ္ဍပ်ကြီးများ ယခုနှစ်အတာသင်္ကြန်တွင် အမှိုက်ခွန်တိုးကောက် မည်

ပို့စ်တင်ချိန် - 3/17/2014 05:32:00 PM


ယခုနှစ်မဟာသင်္ကြန်တွင်တည် ဆောက်သွားမည့် ရေကစားမဏ္ဍပ် ကြီးများကို အမှိုက်ခွန်များတိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာနမှသိရသည်။

မည်သည့်ဖျော်ဖြေရေးပါ ရေ ကစားမဏ္ဍပ်မဆိုအကျယ်ပေ ၁ဝဝ အထက်ရှိပါကယခုနှစ်တွင် အမှိုက် ခွန်များကို အကြိုမှအတက်နေ့ အထိ တစ်ရက်လျှင် ကျပ်တစ်သိန်း ကောက်ခံသွားမည်ဟုဆိုသည်။
အခွန်တိုးမြှင့်ကောက်ခံရသည် မှာ လှည်းကျင်းသိမ်းဆည်းရသော အမှိုက်ပမာဏများပြားလာသော ကြောင့်ဖြစ်ကြောင်း၊ ယခင် ၂ဝ၁၂ ခုနှစ်သင်္ကြန်တွင် ကျပ် ခြောက် သောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ကျပ် ခုနစ်သောင်းငါးထောင်ခန့်ကောက်ခံ ခဲ့ကြောင်းသိရသည်။

မဏ္ဍပ်အလတ်နှင့်မဏ္ဍပ်အသေး များကိုတော့ ယခင်နှစ်နှုန်းထား များအတိုင်း အပြောင်းအလဲမရှိ ကောက်ခံသွားမည်ဖြစ်ကြောင်း၊မဏ္ဍပ် အလတ်ကို ကျပ် လေးသောင်း၊ မဏ္ဍပ်အသေးကို ကျပ်နှစ်သောင်း နှုန်းဖြင့်
ကောက်ခံသွားမည်ဖြစ် ကြောင်းသိရသည်။

မဏ္ဍပ်များမှစွန့်ပစ်အမှိုက်များ ကို ဝန်ထမ်းများကမွန်းလွဲပိုင်း ရေ ကစားနားချိန်များတွင်လိုက်လံလှည်း ကျင်း၍ တစ်နေ့တာရေကစားနား ချိန်၌သိမ်းဆည်းသွားမည်ဖြစ်သည်။မဏ္ဍပ်များအနီးတွင်
လည်း အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင် ရန်အတွက် အမှိုက်ပုံးကြီးများထား ရှိပေးသွားမှာဖြစ်ကြောင်းသိရသည်။

ယခုနှစ်တွင် တည်ဆောက် မည့် မဏ္ဍပ်ကြီးများကို ပေ ၁၂ဝ အရှည်သာချထားပေးသွားမည်ဖြစ် ကြောင်း၊ ကမ္ဘာအေးဘုရား
လမ်း ပေါ်တွင် ရေကစားမဏ္ဍပ်ကြီးများ ကိုအများဆုံးချထားပေးသွားမည်
ဖြစ်ကြောင်း၊လျှောက်ထားသူများမှာ စပေါ်ငွေ ကျပ်သိန်း ၇ဝ ကို ပေးသွင်းထားရမည်ဖြစ်ကြောင်း သိရသည်။

The Union Daily