အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ် သေဆုံး

ပို့စ်တင်ချိန် - 3/27/2014 06:55:00 PM


ရန်ကုန်၊ မတ် ၂၇

၂၆.၃.၂၀၁၄ ရက်နေ့ ၁၄၁၅အချိန် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ အမျိုးသားတစ်ဦးသေဆုံးရောက်ရှိလာ
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အောင်ဖြိုးပိုင်၊ (၂၁)နှစ်၊ ဒဂုံတောင်မြို့နယ်နေသူ ဖြစ်ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၁၄၀၀အချိန်ခန့်က သင်္ဃန်းကျွန်း
မြို့နယ်၊ ဦးစံဖေရပ်ကွက်ရှိ ၎င်း၏အလုပ်ရှင်ဖြစ်သူ ဦးကျော်စိုး၏
နေအိမ်သို့ရောက်ရှိစဉ် ရေခဲသေတ္တာအတွင်းမှ ရေခဲရေကိုယူ၍သောက်ခဲ့ပြီး ခဏအကြာတွင် နှုတ်ခမ်းများပြာလာကာစကားမေးမရသဖြင့် သင်္ဃန်းကျွန်း
စံပြဆေးရုံသို့ပို့အပ်စဉ်သေဆုံးသွားကြောင်း၊ အလောင်းအားစစ်ဆေးရာ
ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ သွေးတိုးရောဂါကြောင့် ဦးနှောက်
သွေးကြောပြတ်၍ သေဆုံးခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police