လာမယ့်နှစ် အခွန် ၃၆ ရာခိုင်နှုန်း တိုးကောက်မည်

ပို့စ်တင်ချိန် - 3/26/2014 03:25:00 PM


လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် လက်ရှိ ဘဏ္ဍာရေးနှစ်ကထက် အခွန်က ၀င်ငွေ ၃၆ ရာခိုင်နှုန်း ပိုရအောင် ဆောင်ရွက်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

မတ် ၂၅ ရက်နေ့က လုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ “၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” ရှင်းလင်းစဉ် သူက ခုလို ပြောလိုက် တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အခု ဘဏ္ဍာရေးနှစ်မှာ အခွန်ကနေ ကျပ်ငွေ ၃ ဒဿမ၊  ၅ ထရီလီယံကျော် ရခဲ့ပါတယ်။

လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဆိုရင် ကျပ်ငွေ ၄ ဒဿမ၊  ၉ ထရီလီယံနီးပါး ရအောင် ကောက်မယ်လို့ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကောက်ခံနိုင်ခဲ့ရင် လက်ရှိ အခွန်နဲ့ ဂျီဒီပီ အချိုး ၆ ဒဿမ၊  ၁ ရာခိုင်နှုန်း ရှိရာကနေ လာမယ့်နှစ်မှာ ၇ ဒဿမ၊   ၄ ရာခိုင်နှုန်း တိုးလာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

DVB Burmese