မြန်မာအမျိုးသမီး ၃ သောင်းကို အလုပ်ပေးမည်

ပို့စ်တင်ချိန် - 3/17/2014 05:32:00 PM


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်ပရေတာ လိုင်စင်ရထားပြီး လုပ်ငန်း စတင်နေပြီဖြစ်တဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ မြန်မာအမျိုးသမီး ၃ သောင်းကျော်ကို ပြည်တွင်းမှာ သင်တန်းပေးပြီး အလုပ်အကိုင် ခန့်အပ်သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အော်ရီဒူးမြန်မာရုံးနဲ့ ရှယ်ရီဘလဲ ရန်ပုံငွေအစီအစဉ်တို့ ပူးပေါင်းပြီး ၂၀၁၆ မတိုင်ခင် မြန်မာ အမျိုးသမီး ၃ သောင်းကို ၀န်ဆောင်မှု ရောင်းချတာကနေ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ ဖြစ်လာအောင် ရည်ရွယ်ပြီး ဒီအစီအစဉ် လုပ်ရတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ အမျိုးသမီး ၃ သောင်းကျော်ဟာ မိုဘိုင်းဖုန်း ဆင်းကတ်ဆိုင်ရာနဲ့ ငွေဖြည့်ကတ် အသုံးပြုနည်းဆိုင်ရာ သင်တန်းတွေ တက်ပြီးနောက် အော်ရီဒူး မြန်မာရုံးအတွက် ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ လုပ်ကြရမှာ ဖြစ်ပါတယ်။

DVB Burmese