ပဲခူးမြို့မစခန်းတွင် ငွေများလိမ်လည်ထုတ်ယူခြင်းအတွက်အမှုဖွင့်အရေးယူ

ပို့စ်တင်ချိန် - 3/05/2014 01:47:00 PM


ပဲခူးမြို့၊အင်းတကော် ကျေးရွာ၊အမှတ်(၁)ရပ်ကွက်နေသူစိုးတင့်ဆွေ (၃၁)နှစ် ၊(ဘ)ဦးပေါချစ်၊ဗမာ/ဗုဒ္ဓ သည် နိုင်ငံတော်မှ”၀”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အထူးဒေသ(၂)၊UWSA တောင်ပိုင်းအဖွဲ့သို ယာဉ်မှတ်ပုံတင်ခွင့်ပြုခဲ့သည့် အခွန်လွတ်ယာဉ်(၁၀)စီးနှင့်(၆၀%)နှုန်းအခွန်ဆောင်ယာဉ်(၂၀)စီးတို့အားက ည န တွင်ယာဉ်စစ်ဆေးမှုခံကာ ကနဦး ယာဉ်မှတ်ပုံတင်ပြုလုပ် ပေးနိုင်ရန်အတွက်UWSA တောင်ပိုင်းအဖွဲ့ ကိုယ်စလှယ်အဖြစ် လက်ခံဆောင်ရွက်ခဲ့မှုပတ်သတ် ဆောင်ရွက်ခဲ့သူ ကိုစိုးတင့်ဆွေသည် UWSA တောင်ပိုင်းအဖွဲ့ မသိစေဘဲ ယာဉ်ချ ပါမစ် များအားပြင်ပသို့ရောင်းချခဲ့ရာ အခွန်လွတ်ယာဉ်များအဖြင့်တစ်စီးလျှင် ငွေ(၆၀၀)သိန်းကျပ်ဖြင့် မော်တော်ယာဉ်(၄)စီးအား ပါမစ်များရောင်းချခဲ့ပြီး ပဲခူးတိုင်ဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် စာရင်းပေးသွင် ကာ ယာဉ်မှတ်ပုံတင်စာအုပ်နှင့် ယာဉ်သက်သေခံ လက်မှတ်များ လိမ်လည် ထုတ်ယူ၍အကျိုးအမြတ်ရယူဆောင်ရွက်ခဲ့
ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပဲခူးမြို့မရဲစခန်း(ပ)၁၆၄/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ (ငွေများအားလိမ်လည် ထုတ်ယူခြင်း) အရ (၃.၂.၂၀၁၄)နေ့ ကအမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ