ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး တွင် ဖြစ်ပေါ် ခဲ့သော ယာဉ် မတော် တဆ မှုများ အ နက် လမ်း ကြောင့် ဖြစ်ပွား ခဲ့သော မတော် တဆ မှုမှာ တစ် ရာခိုင် နှုန်း သာ ရှိဟုဆို

ပို့စ်တင်ချိန် - 3/05/2014 07:31:00 PM


ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး တွင် ဖြစ်ပေါ် ခဲ့သော ယာဉ် မတော် တဆ မှုများ အ နက် လမ်း ကြောင့် ဖြစ်ပွား ခဲ့သော မတော် တဆ မှုမှာ တစ် ရာခိုင် နှုန်း သာ ရှိကြောင်း အမြန် လမ်း ရဲတပ်ဖွဲ့ မှ ရဲမှူးကြီး နေ ၀င်း The Messenger သတင်းစာ သို့ ပြောသည်။

အမြန်လမ်းမှာ ယာဉ် မတော် တဆ မှု တွေ ဖြစ်တိုင်းလမ်းကြောင့်လို့ ပြောနေကြ တာ။ တကယ်တော့ လမ်း ကြောင့် ဖြစ်ပွားတဲ့ ယာဉ် မတော်တဆမှုက တစ်ရာခိုင်နှုန်းပဲ ရှိပါ တယ် ဟု ၎င်း က ဆိုသည်။ အဆိုပါ အ မြန် လမ်းမကြီးတွင် နေ့စဉ် နီးပါး ယာဉ် မတော် တဆမှုများ ဖြစ်ပေါ်လျက် ရှိပြီး၊ အများဆုံးဖြစ်ပေါ်ရသည့် အ ကြောင်း ရင်းမှာ လူ(ယာဉ်မောင်း)ကြောင့်ဖြစ်ကာ ဒုတိယအဖြစ် အများဆုံးမှာ ယာဉ်ကြောင့်ဖြစ် ကြောင်း အမြန် လမ်း ရဲတပ်ဖွဲ့ ၏ စာရင်းအရ သိရသည်။ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ယာဉ် မတော်တဆမှု အများဆုံးဖြစ်ပွားတဲ့ နေရာ မရှိဘူး။ နေရာအနှံ့မှာ ဖြစ်တာကိုတွေ့ရတယ်။ ဒါကြောင်မို့လို့ မတော် တဆမှု တွေဟာ နေရာ တစ်ခုနဲ့ တစ် ခုတူညီတာ မဟုတ်တဲ့အတွက် လမ်းကြောင့် ဖြစ် ရတာ မဟုတ် ဘဲ လူတွေရဲ့ မဆင်မခြင် မောင်းနှင်း မှု ကြောင့် ဖြစ်တာပါ။ လမ်းကသာ တစ်စုံတစ်ခု ချွတ်ယွင်းနေမယ်ဆို ရင် ချွတ်ယွင်းတဲ့ တစ်နေရာမှာပဲ မကြာခဏ ဖြစ်နေမှာပါ””ဟု ၎င်း က ဆက်လက်ပြော ကြားသည်။ အဆိုပါ အမြန်လမ်းမကြီး ပေါ်တွင် ယာဉ် မတော် တ ဆမှုများသည် မကြာခဏ ဖြစ်ပွားနေသောကြောင့် နယ်ပယ်အသီးသီး က ဝေဖန်မှုများရှိနေပြီး၊ ယခုနှစ် ဇန်န၀ါ ရီ လမှ ဖေဖော်ဝါရီလ(၂၄) ရက်အတွင်း ယာဉ် မတော်တဆမှုပေါင်း(၅၂) မှုထိ ဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁၇) ဦး နှင့် ဒဏ်ရာရသူ (၉၇) ဦးအထိရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့ သည့် ၂၀၁၃ ခုနှစ် အတွင်း က လည်း ယာဉ် မတော် တဆ မှု ပေါင်း (၂၅၉) မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁၁၃) ဦးနှင့် ဒဏ်ရာ ရသူ (၆၂၇) ဦးထိရှိခဲ့ ကြောင်း ရဲမှတ် တမ်း များ အရ သိရသည်။ ဖြစ်စဉ်အများစုက ယာဉ်မောင်းတွေ ရဲ့ မကျွမ်းကျင်တွေ၊ အရက် သောက် စားထား မှုတွေ၊ အိပ်ငိုက်မှု တွေ၊ အရှိန်လွန် မောင်းနှင် မှု တွေနဲ့ စည်းကမ်း ပျက်မောင်း နှင် မှုတွေ ကြောင့်ဖြစ်တာ””ဟု ရဲမှူးကြီးနေ၀င်းက ပြော သည်။

အဆိုပါ အမြန် လမ်း မကြီးမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ (၃၆၆ ဒသမ ၃) မိုင်ရှည် လျား ကာ လမ်းမကြီးတစ် လျှောက် ကွပ်ကဲရေးရုံးတစ်ရုံး၊ ရဲ စခန်း (၁၅) ခု၊ ရဲကင်း (၄၀) ခုထားရှိထားကြောင်း သိရ သည်။ အများစုက ယာဉ်မောင်းကြောင့် ဖြစ် တာဆိုပေမယ့် လမ်းပိုင်းမှာလည်း ချွတ်ယွင်း မှုတွေရှိတယ်။ အများဆုံးက ကွေ့တွေကို ခင်းထားတဲ့ ပုံစံက အ်္တရာယ်များတယ်””ဟု ရန်ကုန်- နေပြည်တော်ခရီးစဉ်ကို အ မြန်လမ်း မှ မကြာခဏမောင်းနှင်ရသော ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။အဆိုပါ အမြန်လမ်း ရဲတပ် ဖွဲ့  ၏ ထုတ်ပြန် ချက်အရ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မတော် တဆ မှုပေါင်း (၂၅၉) မှုဖြစ်ပွား ခဲ့ရာ၊ ယာဉ် မောင်း ကြောင့် ဖြစ်ပွားသော မတော်တဆမှု မှာ (၅၅) ရာခိုင်နှုန်း၊ ယာဉ်ချို့ယွင်းမှုကြောင့် (၄၄) ရာခိုင်နှုန်း နှင့် လမ်း အား နည်းမှုကြောင့် ဖြစ်ပွားသော မတော်တဆမှုမှာ တစ်ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။
The Messenger