ရန်ကုန်-မန္တလေး လေကြောင်းခရီးစဉ် ကျပ် ၃၅,၀၀၀ဖြင့် ပြေးဆွဲပေးမည်

ပို့စ်တင်ချိန် - 3/21/2014 07:53:00 PM


မြန်မာ့လေကြောင်း က မြန်မာနှစ်သစ်ကူး သင်္ကြန်အကြို အထူးအစီအစဉ် အနေဖြင့် ရန်ကုန် - မန္တလေး -ရန်ကုန်ခရီးကို လက်မှတ်တစ်စောင်လျှင် ကျပ် ၃၅,၀၀၀ နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

အဆိုပါအစီအစဉ်ကို မတ်လ ၂၂ရက် မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်ဟု မြန်မာ့လေ ကြောင်းလိုင်းက ဆိုသည်။ သို့သော် မည်သည့်အချိန်အထိ ပြေးဆွဲပေးမည်ဆိုခြင်းကိုမူ မြန်မာ့ လေကြောင်း လိုင်းက ထုတ်ပြန်ခြင်း မရှိသေးပေ။

လက်ရှိတွင် ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် မြန်မာ့လေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်ခနှုန်းထားမှာ ကျပ် ၆၀,၀၀၀ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာ့လေကြောင်းလိုင်းမှ စုံစမ်းသိရှိရသည်။

Mizzima Burmese