ဟင်္သာတမြို့ တွင် မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 3/12/2014 07:12:00 PM




ဟင်္သာတ၊ မတ် ၁၂

ဟင်္သာတမြို့တွင် မတ်လ (၁၂.၃.၂၀၁၄) နေ့ နေ့လည်(၁း၄၅) အချိန်တွင် သုံးပင်ကွင်း ရပ်ကွက် ရေတံခွန်(၂)လမ်း အမှတ် (၈၉၂) နေ ဒေါ်လှကြည် (၈၃) နှစ် (ဘ) ဦးသာဒင် ကျောင်းဆရာမ (ငြိမ်း)နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သုံးပင်ကွင်းရပ်ကွက် ရေတံခွန်(၂)လမ်း အိမ်အမှတ်(၈၉၂)နေ၊ အိမ်ရှင်ဖြစ်သူဒေါ်လှကြည် (၈၃)နှစ်(ဘ)ဦးသာဒင် ကျောင်းဆရာမကြီး (ငြိမ်း)နှင့် ညီမဖြစ်သူ ဒေါ်ညွှန့်ကြည် (၆၉)နှစ် (ဆွံ့အ)
ဖြစ်သူနှင့် ထိုအိမ်တွင် ငှားရမ်းနေထိုင်သူ ဒေါ်ဌေးဝင်း (ကုန်သွယ်လယ်ယာ)တို့ အိမ်မှ စတင် လောင်ကျွမ်းခဲ့သည်။

မီးလောင်ရာတွင် အငြိမ်းစားဆရာမကြီး ဒေါ်ညွှန့်ကြည်(လေဖြတ်)မှာ မီးထဲပါ၍ အသက်
ဆုံးရုံးသွားခဲ့ပြီး ယင်းမီးလောင်မှုကြောင့် သွပ်မိုးပျဉ်ထောင်အိမ် (၃) လုံး ၀ါးထရံကာ အိမ် (၂) လုံး စုစုပေါင်း (၅)လုံး လောင်ကျွမ်းခဲ့ပြီး ဟင်္သာတ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် အင်အား (၉၀) ဦးခန့်နှင့်
မီးသတ်ယာဉ် (၅) စီးတို့မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၁၄း၀၀) အချိန်တွင် မိးငြိမ်းသွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရေးအတွက် တာဝန်ရှိသူများက ဆက်လက်စုံစမ်း စစ်ဆေး ဖော်ထုတ်လျှက် ရှိကြောင်း သိရသည်။

MOI Webportal