ဖုန်းနှစ်လုံး တစ်ပြိုင်နက်ချိတ်ဆက်သုံးနိုင်တဲ့ ကြိုးမဲ့နားကြပ်

ပို့စ်တင်ချိန် - 3/24/2014 05:47:00 PM


ဖုန်းနှစ်လုံးတစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်တဲ့ Beat by Dre တံဆိပ်ကြိုးမဲ့ နားကြပ်ပဲ ဖြစ်ပါတယ်။ Bluetooth Ver 3.0 + EDR အမျိုးအစား နားကြပ်ဖြစ်ပါတယ်။ ကြိုးမဲ့နားကြပ်အနေဖြင့်သာမကဘဲ မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက်၍ Handfree အနေဖြင့်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သီချင်းနားထောင်စဉ် ဖုန်းဝင်လာပါက အလိုအလျောက်ချိန်းပေးမှာ ဖြစ်ပါတယ်။ အားသွင်းကာ အသုံးပြုနိုင်တဲ့ Li-ion ဘက်ထရီပါဝင်ပြီး ဘက်ထရီဖြင့်ပင် ဖုန်းပြောခြင်း၊ သီချင်းနားထောင်ခြင်းတွေကို ၅ နာရီအထက်နှင့် ပုံမှန် standby ကို နာရီ ၈၀ ကျော် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီနားကြပ်ရဲ့တန်ဖိုးက ၁၁,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး iRevo ဖုန်း - ၀၉၃၃၀၇၅၄၃၂ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
-ရဲထွဋ်ဝင်း

Internet Journal