မော်တော်ယာဉ် မှတ်ပုံတင်ကြေး လျော့ချမည်

ပို့စ်တင်ချိန် - 3/24/2014 05:18:00 PM

ကားအရောင်းပြခန်းတခု

ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို ပုံမှန်အခွန်ကောက်တာအပြင် မီးရထား ၀န်ကြီးဌာန ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးကလည်း များပြားလှတဲ့နှုန်းထားနဲ့ မော်တော်ယာဉ် မှတ်ပုံတင်ကြေးကောက်ခံနေရာမှာ လာမယ့် ဘဏ္ဍာရေးနှစ် ဧပြီလဆန်းက စပြီး လျော့ချကောက်ခံသွားမယ်လို့ မြန်မာ့သတင်းစဉ်က သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ ကောက်ခံနေတဲ့ ယာဉ်မှတ်ပုံတင်ခနှုန်းထားတွေဟာ ကားအမျိုးအစား၊ မော်ဒယ်နဲ့ အင်ဂျင် ပါဝါအလိုက် မူလ မော်တော်ယာဉ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း အထက် ရှိနေပေမယ့် လျော့ချကောက်ခံ မယ့် နှုန်းထားမှာ ဘယ်လောက် သတ်မှတ်ထားတယ် ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် လက်ရှိ ပြည်တွင်း မှာ ကောက်ခံနေတဲ့ မော်တော်ကား အခွန်နှုန်းထားနဲ့ ယာဉ်မှတ်ပုံတင်ကြေးက မြင့်မားနေတာကြောင့် ကားဈေးနှုန်းလည်း မြင့်မား နေသေးတာ ဖြစ်ပါတယ်။

အစိုးရဟာ ၂၀၁၁ ကားတင်သွင်းခွင့် ပေါ်လစီ ပြောင်းပြီးနောက် အိုဟောင်းယာဉ် ၁ သိန်း၂ သောင်းကျော်ကို အစားထိုးပြီး ဖြစ်သလို ကားအစီး ၁ သိန်း ၃ သောင်း တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DVB Burmese