ထူးခြားသည့် ဆိုလာစွမ်းအင်နည်းပညာ

ပို့စ်တင်ချိန် - 3/17/2014 12:29:00 PM


အင်္ဂလန်နိုင်ငံ အခြေစိုက်Rawlemons အမည်ရ လုပ်ငန်းစုမှ နည်းပညာသစ်ဖြင့် ဖန်တီးမှု ဆန်းသစ် လိုက်သည့် နေရောင်ခြည် စွမ်းအင်နည်းပညာတစ်မျိုးကို နည်းပညာသတင်း စာမျက်နှာများတွင် မိတ်ဆက်ပြသလိုက်သည်။

အဆိုပါလုပ်ငန်းမှ ယခင် ဆိုလာစွမ်းအင်နည်းပညာများနှင့် မတူဘဲ ထွင်းဖောက်မြင်နိုင်ပြီး ပိုမိုစွမ်းအင်ထုတ်လုပ်နိုင်သော ဆိုလာ စွမ်းအင်နည်းပညာတစ်မျိုးကို ဖန်တီးပြုလုပ်ခဲ့သည်။ ၎င်းနည်းပညာကိုAndre Broessel ဆိုသူ ဂျာမန်ဗိသုကာပညာရှင်တစ်ဦးက ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဂျီဩမေတြီပညာရပ်ကို အခြေခံ၍ တည်ဆောက် ဖန်တီးခဲ့ခြင်းဖြစ်ကာ ရိုးရှင်းသောစိတ်ကူးဒီဇိုင်းရှိပြီး ယခင်ဆိုလာ စနစ်များနှင့်မတူဘဲ စွမ်းအင်ရရှိမှုပိုမိုမြင့်မားသည်ဟု အဆိုပါ ဗိသုကာပညာရှင်၏ Rawlemons ၏ ပြန်ကြားရေးစာမျက်နှာတွင်ပြောကြား ထားကြောင်း သိရသည်။

၎င်း၏ဆိုလာနည်းပညာတွင် နေမှအလင်းကို စုပ်ယူနိုင်ရန် အတွက်မှန်ဘီလူး ကဲ့သို့သော ဖန်လုံးမျိုးကို တပ်ဆင်ထားပြီး အဆိုပါ မှန်ဘီလူး၏အောက်ခြေ ဘက်တွင် စွမ်းအင်ပြောင်းလဲပေးသည့် PV Panal တစ်ခု ပါဝင်ကာ ဘက်ထရီသို့ စွမ်းအင်ပြောင်းလဲ ပို့ဆောင်ပေးမည် ဖြစ်သည်ဟု သိရသည်။ အဆိုပါ နည်းပညာကို စမတ်ဖုန်း အားသွင်းခြင်းမှစ၍ အိမ်သုံး လျှပ်စစ် စွမ်းအင် အထိ အသုံးပြုနိုင်စေရန် ပုံစံအမျိုးမျိုးဖန်တီး ထားပြီးဈေးနှုန်း ကွာခြားမှုရှိသည်ဟု သိရသည်။ အဆိုပါ ဖန်လုံးမှာ နေ့အခါ တွင် အလင်းရောင်စုပ်ယူ ထားပြီး ညအခါတွင်လကဲ့သို့ အလင်းရောင်ပြန်လည် ထုတ်လွှင့်နိုင်စွမ်းလည်းရှိကြောင်း သိရသည်။ ရိုးရှင်း လွယ်ကူစွာ တပ်ဆင် အသုံးပြုနိုင်ပြီး စွမ်းအင်ရရှိမှု ယခင်ကထက် ပိုမိုမြန်ဆန်ကာ ဒီဇိုင်းလှပသော အဆိုပါ မှန်ဘီလူးတပ် ဆိုလာစွမ်းအင်သုံး ပစ္စည်းများကို ဥရောပနိုင်ငံအချို့က မှာယူမှုများလည်းရှိနေပြီဟု သိရသည်။

MOI Webportal Myanmar