ကြက်သားကြော်ဆီချက်

ပို့စ်တင်ချိန် - 3/12/2014 09:29:00 PM


နောက်ဆီချက်တစ်မျိုးကတော့ ကြက်သားကြော်ဆီချက်ပါ။ ကြက်ဥခေါက်ဆွဲအမျှင်ကို အသုံးပြုထားပြီး ရိုးရိုးကြက်သားပြုပ်အစား ကြက်သားကြော်နဲ့ အစားထိုးထားတာပါ။

ပါဝင်ပစ္စည်းများကြက်ပေါင်သား အရိုးလွတ်တစ်ခုကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်းဆားလက်ဖက်ရည် ဇွန်း တစ်ဇွန်းကြက်ဥခေါက်ဆွဲအသေး ၂၅၀ ဂရမ်ကြက်ဥ ၁ လုံးဂျုံမှုန့်စားပွဲဇွန်း ၂ ဇွန်း + ဆော်ဒါ လက်ဖက်ရည်ဇွန်း ၈ ပုံတစ်ပုံကြက်သွန်ဖြူဆီ
ခေါက်ဆွဲနှင့်တွဲစားရန်ဆော့စ်
ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်းခရုဆီလက်ဖက်ရည်တစ်ဇွန်းကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်းဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါအသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ ကြက်ဥ၊ ဂျုံမှုန့်လူးကာ ကြွပ်နေအောင် ကြော်ကာ ဆီစစ်ထားပါ။ ရသာသော ကြက်သားကြော်အား လက်တစ်လုံးခန့်အထူရအောင်လှီးထားလိုက်ပါ။ခေါက်ဆွဲ ကိုလည်းပြုပ်ထားပြီး ဆီချက် နှင့်ရောနယ်ပေးထားပါ။ (ခေါက်ဆွဲတစ်ပွဲစားကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ (ခေါက်ဆွဲတစ်ပွဲစားကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။လှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ဆီချက်များ ဆမ်းကာ တွဲဖက်သုံးဆောင်ပါ

EVY's Kitchen