ဗိုလ်ချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သော မူလပထမ တပ်မတော်နေ့ အခမ်းအနား

ပို့စ်တင်ချိန် - 3/26/2014 03:51:00 PM


၁၉၄၅ခုနှစ်၊ မတ်လ ၂၇ရက်နေ့ ဗိုလ်ချုပ်အောင် ဆန်းဦးဆောင်သော ဗမာ့တပ်မတော်က ဖက်ဆစ်ဂျပန် တို့ကို တရားဝင်စစ်ကြေ ညာ၍ တော်လှန်တိုက်ခိုက်ခဲ့သောနေ့၊ ထိုနေ့ကိုအစွဲပြု ၍ တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ရာမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၅ခုနှစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် မတ်လ ၂၇ရက်နေ့ ကို တပ်မတော်နေ့ အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်။

မတ်လ ၂၇ရက်နေ့သည် တော်လှန်ရေးနေ့လော၊ တပ်မတော်နေ့လောဟူ၍ ရေးသားကြသည့် ဆောင်းပါးများကို ဖတ်ရှုကြရပါသည်။ အမှန်က တပ်မတော်နေ့သည် ဗိုလ်ချုပ် အောင်ဆန်း စစ်ဝန်ကြီးဘဝ ဂျပန်ခေတ် အခါ ကပင်ရှိခဲ့ပြီး ဖြစ်ပါသည်။ ထိုအချိန်က ဗမာ့တပ်မတော်နေ့ကို ဇန်နဝါရီလ ၂ ရက်အားသတ်မှတ် ခဲ့ကြောင်း ခေတ်ေ ဟာင်း သတင်းစာ အထောက်အထားများအရ သိရှိနိုင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသက်ရှိ ထင်ရှားရှိစဉ် ၁၉၄၅ခုနှစ်က ဇန်နဝါရီ၂ရက်နေ့ကို တပ်မတော်နေ့ဟု အသိအမှတ်ပြုကာ တပ် မတော်နေ့ အခမ်းအနားကျင်းပခဲ့ကြပုံကို ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃ဝ၆ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ရက်) ကြာသပတေးနေ့ထုတ် ရန်ကုန်သူရိယသတင်းစာ၌ ဖော်ပြထားသည့် သမိုင်း အထောက်အထားကို တွေ့ရှိလိုက်ရ၍ ဖော်ပြလိုပါသည်။

တပ်မတော်နေ့ကျင်းပခြင်း

ဗမာ့တပ်မတော် စစ်သေနာပတိချုပ်ကြီးက ဗမာ့ တပ်မတော်သည် ပြရုပ်မဟုတ်ဟု မိန့်ကြားခြင်း၊

ဇန်နဝါရီ ၂ရက်နေ့ကို ဗမာ့တပ်မတော်နေ့ဟူ၍ အသိ အမှတ်ပြုသည့်အတိုင်း ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီ ၂ရက်နေ့၊ နံနက် ၈နာရီတိတိ အချိန်တွင် ရန်ကုန်နေပြည်တော်၌ တပ်မတော် နေ့ အခမ်းအနားကျင်းပကြောင်း၊ ထိုတပ်မတော်နေ့သို့ ကြွရော က်ကြသော ပုဂ္ဂိုလ်များမှာ ကက်ဘိနက်အဖွဲ့ဝင်ဝန်ကြီး များ၊ ဗမာ့တပ်မတော် အကြံ ပေး အရာရှိချုပ်နှင့် အကြံပေး အရာရှိများနှင့် နိုင်ငံခြား သတင်းစာဆရာများဖြစ်ကြောင်း၊ ” ဗမာ့တပ်မတော်နေ့တွင် လာရောက်ပြီး စစ်ရေးပြကြသည့်တပ်များမှာ စစ်ဝန်ကြီး ရုံးနှင့် လက်အောက်ဌာနတပ်များ၊ စစ်ဦးစီး အဖွဲ့ရုံး လေ့ကျင့်ရေးဌာနချုပ်မှ လေ့ကျင့်ရေးတပ်ရင်း အမှတ် ၄၊ ကိုယ်ရံတော်တပ်၊ အချက်ပြဆက်သွယ်ရေးတပ်၊ အချက်ပြ ဆက် သွယ်ရေးဌာနနှင့် စစ်ပညာဌာနပင်ဖြစ်ကြောင်း၊ ဌာနအသီးသီးတို့မှ တပ်ပေါင်းများစုံလင်သည့် နံနက် ၇နာရီတိတိ အချိန် တွင် နိုင်ငံတော်၏အလံကို လွှင့်တင်ကြ၏။ အလံ တော်ကြီး ကား ဗမာ့တပ်မတော်နေ့အဖို့ အထူးပင်ပနံ သင့်လှပေသည်။

စစ်သေနာပတိချုပ်ကြီး မကြွရောက်လာခင် အခမ်းအနားမှူးတို့က နိုင်ငံတော်အလံကြီးနှင့်စစ်သေနာပတိချုပ်ကြီးအား အရိုအသေပြုရမည့် အခမ်းအနားကို ထပ်ခါတလဲလဲ အမိန့် ပေး၍ ပြင်ဆင်ကြ၏။ နံနက် ၈ နာရီထိုးသည့်အခါ စစ်သေနာပတိချုပ်ကြီးသည် စစ်ဝန်ကြီးနှင့်တကွ ကိုယ်ရံတော် ဗိုလ်မှူးများနှင့် ကြွရောက်လာ၏။

သတ်မှတ် ထားသော နေရာသို့ ရောက်သော အခါအ ခမ်းအနားမှူးက နိုင်ငံတော်အလံကြီးကို အရိုအသေပြုဟု တစ်ခဲနက်အမိန့်ပေးသည်နှင့် တစ်ပြိုင်နက်စစ်သည်တော် ရဲမက် များနှင့်တကွ ကြွရောက် လာသောဧည့်သည်တော်များ က နိုင်ငံတော်အလံကြီးကို အရို အသေပြုရ၏။ ၄င်းနောက် တစ်ဖန် စစ် သည်တော်များနှင့် ဧည့်သည်တော်များက စစ် သေနာ ပတိချုပ်ကြီးအား အရိုအသေပြုရပြန်သည်။

ဤကဲ့သို့ အခမ်းအနားကျင်းပနေစဉ် နိုင်ငံခြားသတင်းစာများက ရုပ်ရှင်ရိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းအမှုတို့ကို ဆောင်ရွက်ကြ၏။ တပ်မတော် နေ့ကျင်းပသည့်ကွင်းကြီး မှာ ကား စစ်ဗိုလ်များ၏ဓား၊ စစ် သည်တော်များ၏ လှံစွပ်ရောင်များဖြင့် လွှမ်းမိုးလျက်ရှိတော့၏။ အလံတော်ကြီးနှင့် စစ် သေနာပတိချုပ်ကြီးအား အရိုအသေပြု သည့်အခါ တပ် မတော်၏ စစ်တီးဝိုင်းက တီး မှုတ်ရ၏။တီးမှုတ်သည့် ခရာသံများ၊ ဇာတိသွေး ဇာတိမာန် တက်ဖွယ်ရာပင် ရှိတော့သည်။

တပ်မတော်ကြီးသည် မီးကိုရေနှင့် သတ်လိုက်သကဲ့သို့ ငြိမ်သက်နေသည့် အခါ အခမ်း အနားမှူးက တပ်မတော်နေ့ ကြီး ကျင်းပသည့်အကြောင်းကို စစ်သေနာ ပ တိကြီးအား သတင်းပေးပို့ရသည်။ ၄င်း နောက် အခမ်းအနားမှူးနှင့်အတူ စစ်သေနာပတိချုပ်ကြီးသည် စစ်ဝန်ကြီးနှင့်ကိုယ်ရံ တော် များခြံရံလျက်စစ်သည် ရဲမက် တော် များကို လိုက်လံစစ်ဆေး၏။ ထိုအချိန်တွင် စစ်တီးဝိုင်းက သာယာနာပျော်စွာ တီးမှုတ်ရ၏။ ရန်ကုန်သူရိယသတင်းစာတွင် အထက်ပါအတိုင်း ပထမဆုံးဗမာ့ တပ် မတော်နေ့အခမ်း အနားကျင်းပခဲ့ပုံကို အကျယ် တဝင့်ရေးသားဖော်ပြခဲ့ပါသည်။

ထိုအချိန်က စစ်သေနာပတိနှင့် စစ်ဝန်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲရန်လျှို့ ဝှက်ဆောင်ရွက်နေပြီဖြစ်သည့် အချိန်လည်း ဖြစ် သည်။ ဖက် ဆစ်ဂျပန်လက် အောက်၊ဂျပန်တို့ ပေးထားသော အတုအယောင် လွတ်လပ်ရေးကို မြန်မာတို့ ရယူထား ရသည့်ကာလဖြစ်သော်လည်း ဂျပန်ကို တော် လှန်ရေး ဆင်နွှဲနိုင်ရေး အသင့် ပြင်ထားရန်လည်း ဗိုလ်ချုပ်ကသူ၏မိန့်ခွန်းတွင် အရိပ်အမြွက် ပြောကြားခဲ့သည် ကို ကောက်နုတ်တင်ပြလိုပါသည်။

ဗိုလ်ချုပ်ပြောကြားခဲ့သော ပထမဆုံးဗမာ့တပ်မတော်နေ့ မိန့်ခွန်းတွင် ” စစ်သည်တို့ မည်သည်မှာ တက်တဲ့အခါ တက်လိုက်၊ ဆုတ်တဲ့အခါ ဆုတ်လိုက်ပဲ။ နောက်ဆုံး တစ်ေ န့မှာ ရန်သူများကို တကယ် ကို ချေမှုန်းပစ်ရမယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ တာဝန်ခံ စစ်အရာရှိတွေက စီစဉ်ပြီးဖြစ်ပါတယ်။ ကျွန်ုပ်တို့ တပ်မတော်ကြီးနှင့် တကွ စစ် သည် တော်ရဲဘော်များသည် သစ္စာပြုထားသည့်အတိုင်း အထက်အမိန့်ကို တစ်ဝေမတိမ်း လိုက်နာပြီး တိုက်ဖို့ပဲရှိတယ်။ ယခုအချိန်ကစပြီး စိတ်ဓာတ်မွေးကြပါ။ စွမ်းရည် သတ္တိမရှိခဲ့ လျင်ရထားသည့် လွတ်လပ်ရေးဟာ တည်တံ့တော့ မည် မဟုတ် တော့ဘူး။

တခြားနိုင်ငံတွေမှာဆိုလျင် အသေခံတပ်များ တောင်ဖွဲ့ထားကြပြီ။ ကျွန်ုပ်တို့ တပ် မတော်ကလည်း ဒီလိုစိတ် ဓာတ်မျိုး မွေးကြပါ။ယနေ့ ဤအချိန်ဤအခါကစပြီးဗမာ့ တပ်မတော်နေ့တွင် သိဂုင်္တ္တရ ကုန်းတော်ကို ရှေးရှု၍ ဗမာ့လွတ်လပ်ရေးအတွက် အသေ ခံပြီးရန် သူများကို နှိမ်နင်းမည်ဆိုတာကို သစ္စာအဓိဋ္ဌာန်ပြု ကြစို့” ဟု စစ်ဝန်ကြီး ဗိုလ်ချုပ် အောင် ဆန်းက လှိုက်လှိုက်လှဲလှဲ မိန့်ခွန်း စ ကားပြောကြားခဲ့လေသည်။

ဗိုလ်ချုပ်က အထက်ပါမိန့်ခွန်းကို ပြောကြားအပြီး ၁၉၄၅ခုနှစ်၊ မတ်လ ၁၇ ရက် နေ့တွင် သိဂုင်္တ္တရကုန်းတော်အနီး (ယခုတော်လှန် ရေးပန်း ခြံ) မြေနေရာ၌ စစ်ရေးပြ အခမ်းအနားနှင့် တပ်ထွက်ပွဲ အခမ်းအနားကို ကျင်းပကာ အောက်ပါအတိုင်းအတိုဆုံးနှင့် အရှင်းလင်းဆုံးအ ထိရောက်ဆုံး မိန့်ခွန်းကို ပြောကြားခဲ့လေသည်။

” ရဲဘော်တို့၊ အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခု စစ်မြေပြင်ကိုထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့သွေးကို ပြပါ။ အထက် ဗိုလ်တွေကလည်း သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထား တဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့ အတူချီတက်မယ်။ ဗမာ့ရန်သူကို ချေ မှုန်းကြ။အနီးကပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ။ ဒါပဲ။ ဟူ၍ ဖြစ်သည်။ ၁၉၄၅ခုနှစ်၊ မတ်လ ၁၇ရက် က ဗိုလ်ချုပ် ကိုယ်တိုင် စစ်သည်တော်များရှေ့တွင် ကတိပေး ထား သည့်အတိုင်း စစ်ချီထွက်ခဲ့ကာ ၁၉၄၅ခုနှစ်၊ မတ်လ၂၇ရက်နေ့တွင် ဂျပန် ကိုစစ်ကြေညာလျက် တော်လှန် ရေးတစ်ရပ် ဆင်နွှဲ ခဲ့ခြင်းလည်း ဖြစ်လေသည်။

ထိုနေ့ကို မူလက တော်လှန်ရေး နေ့ဟုသတ်မှတ်ခဲ့ပြီး ဖြစ်ပါလျက် ၁၉၅၅ ခုနှစ် မတ်လဆန်းတွင် ပြုလုပ်သည့် ဦးနု၏ ဝန်ကြီး အဖွဲ့အစည်းအဝေး၌ ” မြန်မာနိုင်ငံတွင် တပ်မတော်ကို ဂုဏ်ပြုသည့် တပ်မတော်နေ့ ရှိသင့်ကြောင်း ၊ ထိုနေ့ကို သတ်မှတ် ရာတွင် ဖက်ဆစ်ဂျပန်တို့အား အသက်ပဓာနမထားဘဲ စွန့်လွှတ် စွန့်စားတိုက်ခိုက်ခဲ့သည့် ဗမာ့တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ အဖြစ်သတ်မှတ်ထားသင့် ကြောင်းဆုံးဖြတ်ခဲ့သည်။ သို့ဆိုလျှင် ဗိုလ် ချုပ် အောင်ဆန်းကိုယ်တိုင်ဗမာ့တပ်မတော်နေ့အဖြစ် ဇန်နဝါရီ ၂ ရက်နေ့အားသတ်မှတ်ကာ အခမ်းအနားကျင်းပခဲ့သည်ကိုမူ ဘာကြောင့်လျစ်လျူရှုလိုက် ကြပါ သနည်း ဆိုသည့် မေးခွန်းကိုတော့ စိတ်ဝင်စားဖွယ် စူးစမ်းဖွေရှာရန်သာ ရှိပါတော့သည်။

သိန်းအေး

ရည်ညွှန်း -
(၁) ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပေါင်းချုပ်
(The Key စာအုပ်တိုက်)
Popular Journal