တယ်လီနောက မိုဘိုင်းဟန်းဆက်များကိုပါ ရောင်းချသွားမည်ဟုဆို

ပို့စ်တင်ချိန် - 3/12/2014 04:24:00 PM



Posted by Su Myat on March 12, 2014
ပြည်တွင်းတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိထားသော နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီက မိုဘိုင်းဆင်းမ်ကတ်များအပြင် ဟန်းဆက်များကိုလည်း ရောင်းချပေးသွားမည် ဖြစ်သည်ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လက်ကိုင်ဖုန်းများကို ရောင်းချရာတွင်လည်း အမျိုးအစား စုံလင်စွာပါဝင်မည်ဖြစ် ပြီး သင့်တင့်သော ဈေးနှုန်း များဖြင့် သုံးစွဲသူများ အဆင်ပြေစေရန် ရောင်းချပေးသွား မည်ဖြစ်ဟုလည်း ပြန်လည်ဖြေကြားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န် ဆောင်မှုများ လုပ်ကိုင်ရာတွင် တယ်လီနောက သုံးစွဲသူများ နံပါတ် တစ် ရွေးချယ်သည့် အော်ပရေတာအဖြစ် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း အာရှဒေသဆိုင်ရာ တယ်လီ နောအဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Serge Brekke က မဇ္ဈိမကို မတ်လအတွင်းက ပြောထားသည်။

Serge Brekke က “မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ၀န်ဆောင်မှုပေးတဲ့အခါ သုံးဆွဲသူတွေ ရွေးချယ်တဲ့ ပထမအော်ပရေတာ တစ်ခု ဖြစ်ချင်ပါတယ်။ ပထမ အော်ပရေတာဖြစ်ဖို့ကလည်း တခြားအော်ပရေတာ တွေထက် ၀န်ဆောင်မှု ကောင်းရမယ်၊ ဈေးနှုန်းသက်သာစေရပါမယ်” ဟု ပြောသည်။

လိုင်စင်စတင်ရရှိသည့် ဖေဖော်ဝါရီ လမှ စတင်၍ နောက်ပိုင်း ရှစ်လအကြာ (စက်တင်ဘာနောက်ပိုင်း) တွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဖြစ်ပြီး ကနေဦး ဆင်းမ်ကတ်ပေါင်း သန်း ၃၀ အထိ ရောင်းချ နိုင်မည်ဟုလည်း တယ်လီနောက သတင်းထုတ်ပြန်ထားသည်။

ပြည်ပအော်ပရေတာ တစ်ခုဖြစ်သော ကာတာနိုင်ငံ အခြေစိုက် အူရီးဒူးကလည်း ပြည်တွင်းတွင် လုပ်ငန်း များ စတင်နေပြီဖြစ်သည်။ ထိုသို့အော်ပရေတာများက အပြိုင်အဆိုင် ၀န်ဆောင်မှုများ ပေးလာပါက အသုံး ပြုသူများအတွက် ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုများ ရရှိလာနိုင်မည်ဖြစ်သည်ဟုလည်း Mr.Htet Computer Lab မှ ကိုထက်လင်း ကပြောသည်။

ကိုထက်လင်းက “တချို့နိုင်ငံတွေမှာ တွေ့ဖူးသလို ဟန်းဆက်ကို ရောင်းပြီး ဆင်းမ်ကတ်ပါပေးတဲ့ ပုံစံမျိုး တွေ ရှိတယ်။ တယ်လီနောအနေနဲ့ ဒီလို ဈေးကွက်ရရှိအောင် ပြင်ဆင်ထားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလိုအော်ပရေတာ အပြိုင်အဆိုင်နဲ့ ၀န်ဆောင်မှုပေးလေလေ သုံးဆွဲသူတွေက ပိုမိုကောင်းမွန်တဲ့ ၀န် ဆောင်မှုကို ရရှိနိုင်မှာပါ ”ဟု သုံးသပ်ပြောကြားသည်။

တယ်လီနောက မိုဘိုင်းဖုန်းခေါ်ဆိုခများကို တစ်မိနစ် ၂၅ ကျပ်နှုန်းဖြင့် ကောက်ခံသွားရန် တင်ဒါလျှောက် ထားစဉ်က ထည့်သွင်းထားပြီး ၀န်ဆောင်မှုပေးသည့်အခါ ထိုဈေးနှုန်းထက်မများဘဲ လျော့ကျကောက်ခံ ဖွယ်ရှိသည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Fur-berge က ပြောထားသည်။
ထိုသို့ ဆက်သွယ်ရေး ၀န်ဆောင်မှုဈေးနှုန်း၊ ဖြန့်ကြက်ရေး နည်းဗျူဟာများနှင့် အခြားအသေးစိတ် အချက် အလက်များကိုလည်း ၀န်ဆောင်မှုပေးချိန် နီးကပ်လာသည့်အချိန်မှသာ တရားဝင် ထုတ်ပြန်ကြေညာပေး သွားမည်ဟုလည်း ဆိုသည်။

တယ်လီနောက 2G နှင့် 3G ကွန်ရက်ကို စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်Video Calling၊ Calling Forward၊ Call Waiting နှင့်အခြား တန်ဖိုးမြင့် ၀န်ဆောင်မှုများကိုပါ ထည့်သွင်းပေး သွားမည်ဟု တယ်လီနောက ပြောကြားထားသည်။

mizzima