လေယာဉ်ပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေ (၁၀) ချက်

ပို့စ်တင်ချိန် - 3/21/2014 06:34:00 PM


ဘီဘီစီ

ဂမ်္ဘီရ ဆန်ဆန်ပျောက်ဆုံးနေလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် MH370 ကို ရှာဖွေနေသည်မှာ ၁၂ ရက်မြောက်နေ့သို့ ရောက်ရှိလာစဉ်တွင် ပျောက်ဆုံးနေသော လေယာဉ်၏ ကံ ကြမ္မာနှင့်ပတ်သက်၍ မီဒီယာအမျိုးမျိုး၊ ဖိုရမ် အသီးသီးတွင် အယူအဆအဖုံဖုံကို ကြားနေရသည်။ ရော်ရမ်း မှန်းဆချက်များ၊ အမြင်အမျိုးမျိုးဖြင့် ပြောဆိုဆွေးနွေးနေကြသည်။ လေယာဉ်မှူးဟောင်းများနှင့် ပျံသန်းရေး ကျွမ်းကျင်သူများ၏ သီအိုရီအယူအဆ အချို့ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

(၁) အက်ဒမန်(ကပ္ပလီကျွန်းစု)သို့ ဆင်းသက်သွားခြင်း။

လေယာဉ်သည် အဆင်းတွင် အိန္ဒိယပိုင် အက်ဒမန်နှင့် နီကိုဘာကျွန်းစုဆီသို့ ပျံသန်းသွားပုံရသည်။ ဤ ကျွန်းစုသည် အိန္ဒိယနိုင်ငံ၏အရှေ့ဘက်ဆုံး ရေပိုက်နက်ဖြစ်ပြီး အင်ဒိုနီးရှားနှင့် ထိုင်း-မြန်မာ ကမ်းရိုးတန်း အကြားတွင် တည်ရှိသည်။

(၂) ကာဇက်စတန်သို့ပျံသန်းသွားခြင်း။

ဗဟိုအာရှ သမ္မတ နိုင်ငံတစ်ခုဖြစ်သော ကာဇက်စတန်နိုင်ငံသည် မြောက်ဘက်ရှာဖွေရေး စင်္ကြံလမ်း၏ အစွန်းပိုင်းတွင် တည်ရှိပြီး၊ လေယာဉ်သည် ကာဇက်စတန် နိုင်ငံတစ်နေရာတွင် ပျက်ကျသွားသည်ဟူ သောအယူအဆ ဖြစ်သည်။ ဩ “ဘာကြောင့် လေယာဉ်တွေပျက်ကျသလဲ” ဟူသော စာအုပ်ကို ပြုစုသူ လေယာဉ်မှူး ဆိုင်လ်ဗီးယား ၀င်းဂ်လေက လေယာဉ်သည် ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် ပျက်ကျ သွားခြင်းထက် ကုန်းတွင်းသဲကန္တာရတစ်ခုထဲတွင် ပျက်ကျသွားခြင်း ဖြစ်ဖို့များသည်။

(၃) တောင်ဘက်သို့ ပျံသန်းသွားသည်။

ဂြိုဟ်တုမှ နောက်ဆုံးရရှိသော အချက် အလက်များအရ လေယာဉ်သည် မလေး ရှားရေဒါစက်ကွင်းမှ ပျောက်ကွယ်သွားပြီး အနည်းဆုံး ၅ နာရီ၊ ၆ နာရီခန့် ဆက်လက် ပျံသန်းနေသေးသည်ဟု သိရှိရသည်။ သို့ ဖြင့်လျှင် အိနိ္ဒယသမုဒ်္ဒရာမှ ကမ်္ဘာ့တောင် ဘက်ခြမ်း ထိုမှတစ်ဆင့် သြစတြေးလျ မြောက်ပိုင်းကုန်းတွင်းပိုင်း တစ်နေရာသို့ ရောက်သွားနိုင်သည်။

(၄) တရုတ်ပြည်အနောက်မြောက်ပိုင်း သဲကန္တရထဲရောက်သွားခြင်း။

လေယာဉ်ကို တရုတ်ပြည်မှ ၀ီဂူးမွတ်ဆလင်ခွဲထွက်ရေးသမားများက အပိုင်စီးသွားခြင်းဖြစ်နိုင်သည်ဟု တွက်ဆကြသူများလည်း ရှိသည်။ လေယာဉ်ပေါ်တွင်လိုက်ပါသွားသူ ၂၃၉ ဦးအနက် ၁၅၃ ဦးမှာ တရုတ် လူမျိုးများ ဖြစ်သည်။

(၅) စက်ချို့ယွင်း၍ဖြစ်စေ လန်ကောဝီကျွန်းဆီသို့ ပျံသန်းသွားသည်

လေယာဉ် အဆက်အသွယ် ပြတ်တောက်သွားခြင်းမှာ မီးလောင်သောကြောင့် ဖြစ်နိုင်သည်ဟု ပျံသန်းရေး ဆိုင်ရာ ဘလော့ဂါခရစ်ဂွတ်ဒ်ဖီးလိုးက ယူဆသည်။ ပေကျင်းဆီသို့ ဦးတည်ပျံသန်းနေရာမှ လက်ဝဲဘက် သို့ ကွေ့သွားခြင်းသည် ဘေးလွတ်ရာသို့ ရောက်ရှိရန် ကြိုးပမ်းခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

(၆) လေယာဉ်ကို ပါကစ္စတန်မှာ ၀ှက်ထားခြင်းဖြစ်။

မီဒီယာသူဌေးကြီး ရူးပက်မားဒေါ့ခ်ျက တော့ တွစ်တာမှ ယခုကဲ့သို့ရေးထားသည်။ ““ဘိုးရင်း ၇၇၇ ပျောက်သွားလို့ ကမ်္ဘာကြီး ကြက်သေသေသွားပုံရတယ်။ ပျက်ကျသွား တာ မဖြစ်နိုင်ဘူးဗျ။ အခိုးခံရတာ ပြီးတော့ ပါကစ်္စတန်မြောက်ပိုင်း တစ်နေရာမှာ အ သေအချာဝှက်ထားကြတာ၊ ဘင်လာဒင်လို ပေါ့ဗျာ”” ဟုပြောသည်။ ပါကစ္စတန်က ယင်းကိစ္စကို အပြင်းအထန် ငြင်းဆန်ထားသည်။

(၇) လေယာဉ်သည် တခြား လေယာဉ်တစ်စင်း၏ အရိပ်ခိုနေခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးသွားသော လေယာဉ်သည် စင်ကာပူလေကြောင်းလိုင်း လေယာဉ် အမှတ် ၆၈ ၏ ရေဒါအရိပ် တွင် ခိုဝင်ပုန်း အောင်းနေခဲ့ခြင်း ဖြစ်သည်ဟု ပျံသန်းရေး ဘလော့ဂါ ကီးခ်ျလက်ဂါဝုဒ်က ယုံကြည်ထား သည်။ စင်ကာပူလေယာဉ်သည် မလေးရှား လေယာဉ်၏ အနီးအနားမှာပင် ရှိနေခဲ့သည်။ စင်ကာပူ လေကြောင်းလိုင်း လေယာဉ်အမှတ် “SIA 68” ရဲ့ ပျံသန်းလမ်းကြောင်းကို ကျွန်တော် စစ်ဆေးကြည့်တော့ မလေးရှား လေယာဉ် MH 370 က  SIA 68 ရဲ့ နောက်တည့်တည့်လောက်ကလိုက်ပြီး ကပ်ပျံနေတာ တွေ့ရတယ်။ နောက် ၁၅ မိနစ် လုံးလုံး  SIA 68  နောက်က ကပ်လိုက်နေခဲ့တာပဲ။

(၈) လှုပ်ရှားရုန်းကန်မှု ရှိခဲ့သည်။

ယခုထိ လေယာဉ်မှူးအပြစ်မပါသော ရှင်းလင်းချက်များသာ ရှိခဲ့ရာမှသည်တစ်ခုကတော့ လေယာဉ်မှူး အမှားဟု ဆိုသည်။ လေယာဉ်မှူးကို အမြင့်ဆုံးပျံသန်းနိုင်သော အမြင့်အထက်များစွာ ပိုမြင့်သော အမြင့် ပေ ၄၅,၀၀၀ အထိ တက်ပျံခဲ့သည်။ ပြီးတော့ အလွန်နိမ့်လွန်းသောအမြင့်မှ ပျံသန်း ပြန်သည်ဟု ထောက် ပြသည်။

(၉) လေဖိအားလျော့ကျအောင်လုပ်ပြီး ခရီးသည်ကို တမင်တကာသတ်ပစ်။

ဗြိတိသျှ ဘုရင်မလေတပ် RAF လေကြောင်းပြ ရွှန်မာဖေးကတော့ လေယာဉ်မှူးသည်လေယာဉ်ကို လေဖိ အား အလွန်နည်းနေသော အမြင့်ပေ ၄၅,၀၀၀ အထိအောင် တက်သွားပြီး ခရီးသည်တွေ အမြန်သေ အောင် တမင်လုပ်ခဲ့သည်ဟု ဆိုသည်။

(၁၀) လေယာဉ်တစ်ခါပျံတက်လာပြီးအကြမ်းဖက်တိုက်ခိုက်မှု လုပ်ဦးမည်။

ပိုပြီးထူးပြားဆန်းပြားသော သီအိုရီရှိနေသေးသည်။ ယင်းလေယာဉ်ကို အကြမ်းဖက်သမားတွေခိုးသွားပြီး၊ ၉/၁၁ ပုံစံမျိုး အကြမ်းဖက်ရက်စက်မှုမျိုး လုပ်ဦးမည်ဆိုသောအယူအဆ ဖြစ်သည်။ လေယာဉ် ဘာမှမဖြစ်ဘဲ နေရာတစ်ခုတွင် ဘေကင်းရန်ကင်းဆင်းသက်သွားပြီး တစ်နေရာမှာ ရုပ်ဖျောက်ပြီး ၀ှက်ထားကာလောင် စာဆီ ထပ်ထည်၊့ ဆက်သွယ်ရေးစနစ်သစ်တွေ သုံးကာ ပျံတက်လာပြီးမြို့ကြီးတစ်မြို့ကို အကြမ်းဖက် တိုက်ခိုက်ဦးမည်ဟူသောအဆို ဖြစ်သည်။

Mizzima Burmese