တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှရုပ်သိမ်းနိုင်မည့် ဥပဒေကြမ်း အတည်ပြု

ပို့စ်တင်ချိန် - 3/19/2014 11:12:00 AM


နေပြည်တော်၊ မတ် ၁၈

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားသော တပ်မတော် သားလွှတ်တော်ကိုယ် စား လှယ်များ ကို ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းနိုင်မည့်
ဥပဒေကြမ်းကို ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးကအတည် ပြုလိုက်ပြီဖြစ်သည်။

နိုင်ငံတော်နှင့် နိုင်ငံသားများ ၏အကျိုး ကို အခြေခံဥပဒေပါ ပြဌာန်းချက်များ နှင့်အညီ ထမ်းဆောင်ခြင်း မရှိပါက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းနိုင်မည့် အဆိုပါပြဌာန်းချက်ကို တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခြင်းမရှိသည့်အပြင် မည်သည့်မှတ်ချက်ကို မှ ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်း မရှိပေ။

မနက်ဖြန် မတ်လ ၁၉ရက်နေ့တွင် ထုတ်ဝေမည့် The VOICE သတင်းစာတွင် အပြည်အစုံဖော်ပြထားပါသည်။

The Voice Weekly