မန္တလေးမှာ သီချင်းဆိုခဲ့တဲ့ ပြေသုဒြာ

ပို့စ်တင်ချိန် - 3/05/2014 07:30:00 PM


ဖေဖော်ဝါရီ ၂၈ ရက်နေ့က မန္တလေးဒိုင်းမွန်း ပလာဇာမှာ ပြုလုပ်တဲ့ ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေ ဖျော်ဖြေပွဲ မှာပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးဖြစ်သူ ၂နှစ်နဲ့ ၄လ သမီးလေး ပြေသုဒြာလေး ကလည်း “ပြန်လာပါတော့” သီချင်းနဲ့ “ခပ်မိုက်မိုက်ချစ်ကြစို့” သီချင်း ၂ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ရာ ပရိသတ်တွေ သဘောကျခဲ့တဲ့ ပြေသုဒြာရဲ့ဖျော်ဖြေမှုကို ပီတိဖြစ်ခဲ့တဲ့ ပြေတီဦးက .....

“သမီးက အိမ်မှာလည်း သီချင်းတွေ ဆိုနေကျလေ။ ၁၅ပုဒ်လောက် ရှိတယ်။ စင်ပေါ်ရောက်တော့ သူဆိုချင် တဲ့ သီချင်းကို ဆိုလိုက်တာ။ ဆိုမယ်ဆိုပြီး ကြိုတင် စီစဉ်ဖြစ်တာတော့ မဟုတ်ဘူး။ အခုလိုမျိုး သမီးသီချင်း ဆိုတာတွေ့ရတော့ ပီတိလည်းဖြစ်ရတယ်။

သူက လူတွေ နည်းနည်းများရင် သိပ်မနေချင်ဘူး။ စိတ်ရှုပ်တတ်တယ်။ အဲဒါကြောင့် အပြင်သွားရင် တောင် သိပ်မခေါ်ဘူးလေ။ အခု သူက စင်ပေါ်မှာ လုံးဝလည်း မကြောက်ဘူး ဆိုတော့ မိသားစုတွေကအစ အကုန် အံ့သြနေကြတော့ အစီအစဉ်မရှိဘဲ ဆိုဖြစ်သွားတာ။

ပရိသတ်တွေက ချစ်ခင်အားပေးကြတဲ့အတွက် တအားလည်းကျေးဇူး တင်ပါ တယ်။ မိသားစု ၃ယောက်လုံး ပါဝင်ဆင်နွှဲ ကြတာပေါ့။ ဒါက တကယ်ကို မှတ်မှတ်ရရ ပွဲလေးပါ။ အနုပညာဗီဇပါလာတာ ဆိုတာဖြစ် ချင်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စောင့်ကြည့် ရဦးမှာပါ။ သူသီချင်းဆိုနေတဲ့ အချိန်မှာ စိုးရိမ်တာတော့ မရှိပါဘူး။ သူလုပ်နိုင်သွားတဲ့ အတွက်လည်း ဝမ်းသာပါတယ်” လို့ ပြောပြပါတယ်။

ရန်ပုံငွေပွဲကိုအတူ ပါဝင်ခဲ့ကြတဲ့ အနုပညာ မောင်နှမတွေကိုလည်း တအားကျေးဇူးတင် ပါတယ်လို့ ပြေတီဦးကပြောပါတယ်။

မေမွန်မောင်
Popular Journal