သက်ကြီးရွယ်အိုနှင့် နိုင်ငံခြားသားများအတွက် ကမ်းခြေလေကြောင်း ခရီးစဉ်သစ် ပျံသန်းတော့မည်

ပို့စ်တင်ချိန် - 3/29/2014 05:24:00 PM


 အတွဲ (၁၀) အမှတ် (၁၃)

သူသူထက်လွင် ၊ ရန်ကုန်

သက်ကြီးရွယ်အို အဘိုးအဘွားများ နှင့် နိုင်ငံခြားသားခရီးသည်များအတွက် ရည်ရွယ်ကာ ကမ်းခြေလေကြောင်းခရီးစဉ် သစ်ကို မကြာခင်ပျံသန်းပေးတော့မည်ဖြစ် ကြောင်း မြန်မာ့လေကြောင်းလုပ်ငန်းမှ သိရသည်။

မြန်မာ့လေကြောင်းမှ လေယာဉ်မှူး ကပ္ပတိန်ဦးထင်လင်းက ''ချောင်းသာ၊ ငွေ ဆောင်ကို လူဦးရေ ၁၅ ဦးဆံ့တဲ့ လေ ယာဉ်ကို စီစဉ်ပေးထားဖြစ်ပါတယ်။ သက် ကြီးရွယ်အိုတွေနဲ့ နိုင်ငံခြားသားခရီးသွား တွေ သက်သောင့်သက်သာ ခရီးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ပုသိမ်မှာ လေယာဉ် ဆိုက်မှာဖြစ်ပြီး ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ် ဆက်ပြီးလုပ်ဖို့ရှိပါတယ်။ မန္တလေးချမ်းမြသာ စည်မှာအခြေခံထားပြီး ဟုမ္မလင်းကိုလဲထွက် မယ်။
အစိုးရဝန်ထမ်းလေယာဉ်ဖြစ်တော့ အကျိုးအမြတ်မရှိပါဘူး။ အဲဒီလိုမျိုးမတွက် ဘဲ ပျံသန်းပေးမှာဖြစ်ပါတယ်''ဟုဆိုသည်။

အဆိုပါခရီးစဉ်သစ်များကို ယခုနှစ် မတ်လနောက်ဆုံးပတ်မှစတင်ပြီး ချောင်း သာ၊ ငွေဆောင်ကမ်းခြေခရီးစဉ်နှင့် မန္တ လေး-စစ်ကိုင်းတိုင်း(ဟုမ္မလင်း) ခရီးစဉ်များ ကို ဃမေလေညေ ပြညောမေ လေယာဉ်ဖြင့် ပျံသန်းပေးမည်ဖြစ်ပြီး ယင်းခရီးစဉ်များအ တွက် လေယာဉ်လက်မှတ်ခကျပ် ၅၅ဝဝဝ (အသွားတစ်ကြောင်း) ဈေးနှုန်းဖြင့် သွား ရောက်နိုင်မည်ဖြစ်ကြောင်း မြန်မာ့လေ ကြောင်းမှ သိရသည်။

ထို့ပြင် နွေရာသီအထူးအစီအစဉ်အ ဖြစ် မန္တလေး-ရန်ကုန်ခရီးစဉ်အား လေယာဉ် ဈေးနှုန်းကို တစ်ဝက်နီးပါးခန့်လျှော့ပေး ခြင်းဖြစ်ပြီး ကမ်းခြေခရီးစဉ်အဖြစ် လေ ယာဉ်ကို စီစဉ်ပေးထားကာ ပုသိမ်လေဆိပ် သို့ ဆင်းသက်မည်ဖြစ်သည်။

''မန္တလေးကို အရင်တုန်းကဆို ကျပ် ၆ဝဝဝဝ လောက် ပေးရတယ်လေ။ ခုက ကျပ် ၃၅ဝဝဝ ဆိုတော့ ထက်ဝက်လောက် သက်သာသွားတယ်။ ပြီးတော့ သင်္ကြန်တွင်း မှာကိစ္စရှိလို့ မန္တလေးသွားမလို့စီစဉ်ထား တာ။ အခုလို သက်သက်သာသာနဲ့ဆိုတော့ တော်တော်ကိုကောင်းတဲ့ အစီအစဉ်လို့ထင် ပါတယ်''ဟု လေယာဉ်လက်မှတ်ဝယ်ယူ မည့် ဒေါ်တင်တင်နိုင်ကပြောသည်။

ယခုအခါ မန္တလေး-ရန်ကုန်ခရီးစဉ် ကို ယခင်က ကျပ် ၆ဝဝဝဝခန့်ကုန်ကျသော် လည်း ယခုတွင်မူ ကျပ် ၃၅ဝဝဝ ဝန်းကျင် သာ ကုန်ကျတော့မည်ဖြစ်သည်။

ရန်ကုန်-မန္တလေး ပုံမှန်လေယာဉ်စီး ခရီးသည် ဦးရဲမြတ်အောင်က ''အခုလေ ကြောင်းလိုင်းတွေ မန္တလေးမှာတော်တော် များများဝင်နေတော့ ခရီးသည်တွေကိုဆွဲ ဆောင်တာလို့ပဲမြင်တယ်''ဟုပြောသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်း လိုင်းများဖြစ်သည့် အေးရှားဝင်း၊ အဲကမ္ဘောဇ၊ အဲပုဂံ၊ ဗြှု စသည့် လေကြောင်းလိုင်းများ အပြင် မန္တလေးမြို့ အခြေပြုပျံသန်းသည့် မန်းရတနာပုံ လေကြောင်းလိုင်းများလည်း ထပ်မံ ပေါ်ထွက်လာနေပြီဖြစ်သည်။

ရန်ကုန်တိုင်းမ် ဂျာနယ်