သည်းခံခြင်းနှင့် အနိုင်ယူပါ

ပို့စ်တင်ချိန် - 3/21/2014 09:46:00 AM


အဲးခိုး

စကားချီး

“ဘယ်လူမျိုးမဆို မိမိတို့ လူမျိုးခံစားနေရတဲ့ ဒုက္ခကို အထင်မသေးပါနဲ့။ အလကား ဖြစ်သွားတာ မရှိပါဘူး။ ဒုက္ခဆင်းရဲမှုရှိမှ သတိအားကောင်းမယ်”
 အာဏာတစ်ဖက်၊ လက်နက်တစ်ဖက်နဲ့ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးရန်မူပြုမည့် အစီအစဉ်တွေ ဒီလိုငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့အချိန်မှာ စစ်ရေးကို တွန်းတိုက်အားပေး နေတာတွေ တွေ့ရတယ် …

ဒုက္ခခံပြီးတည်ဆောက်

မြန်မာ့သမိုင်းတစ်လျှောက်လုံး မြန်မာလူမျိုးတွေ ဆင်းရဲဒုက္ခရောက်ခဲ့ရတာ ဘယ်သူမှကယ်တဲ့သူမရှိပါ။ ဆင်းရဲ ဒုက္ခရောက်ခဲ့တဲ့ အချိန်က မြန်မာတွေ စည်းလုံးညီညွတ်ခဲ့တဲ့ အင်အားကိုပြန်ကြည့်ရင် လေးစား တန်ဖိုး အရှိဆုံး ပါ။ လူမှုရေးဂုဏ်လည်း အရှိဆုံးပါ။ ရက်စက်ကြမ်းကြုတ်တဲ့နယ်ချဲ့ကို ဘယ်ပုံဘယ်နည်းနဲ့ အနိုင်ယူခဲ့ကြတယ် ဆိုတာ သမိုင်းစာမျက်နှာပေါ်မှာ အလကား မဖြစ်သွားပါ။ ကြမ်းတမ်းရက်စက်တဲ့ နှလုံးသားကို ယဉ်ယဉ် ကျေးကျေးနဲ့ မိမိတို့ရဲ့ တိုင်းပြည်လွတ်လပ်ရေးကို ရယူနိုင်တဲ့သတ်္တိဟာ စွမ်းနိုင်ကြသူတွေရဲ့ သတ်္တိပါ။ ဒီအတိုင်းပါပဲ။ ယနေ့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားတွေဟာ နှစ်ပေါင်းခြောက် ဆယ်(၆၀)ကျော် ဒုက္ခတွေခံပြီး ပြည်တွင်း ဖြစ်ပြဿနာကို ပြည်တွင်းချစ်စကား သို့ မဟုတ် ရင်တွင်းချစ်စကားနဲ့ ပြောကြဆိုကြ လာလို့ ငြိမ်းချမ်း တဲ့တိုင်းပြည်ကြီး ဖြစ်လာတော့မယ် ဆိုတာကို တွေ့မြင် လာကြရလို့ ပြည်သူတွေ ၀မ်းသာအားရကျေနပ်နေကြ တယ်။ ဒီလိုဖြစ်လာအောင် တိုင်းရင်းသား တွေဘယ်လောက်ဒုက်္ခခံပြီး တည်ဆောက် ကြရသလဲဆိုတာ သမိုင်းမှာ တိတိကျကျ ရှိနေမှာပါ။…

တန်ဖိုးနည်းသူ သတ်မှတ်

တိုင်းရင်းသားတွေရဲ့ဘ၀ကို ဒုက္ခတွေ အမျိုးမျိုး တော်လှန်ဖျက်ဆီးပစ်ကြတဲ့ စစ်အာဏာရှင်တွေဟာ ခုဆိုရင် သေသူသေ၊ ကျေသူကျေနေကြပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ အမွေဆက်ခံတဲ့စစ်တိုက်သူတွေက အာ ဏာတစ်ဖက်၊ လက်နက်တစ်ဖက်နဲ့ တိုင်း ရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို ဖျက်ဆီးရန်မူပြုမည့် အစီအစဉ် တွေဟာ တစ်နေ့ချုပ်ငြိမ်းနေရမယ်ဆိုတာ ကိုယုံကြည်လို့ တိုင်းရင်းသားတွေဟာ စစ်ရေး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်း ရေးတွေကို တည်ဆောက်နေကြတယ်။ ဒီလိုငြိမ်းချမ်း ရေးကို တည်ဆောက်နေတဲ့အချိန်မှာ စစ်ရေးကို တွန်း တိုက်အားပေးနေတာတွေ တွေ့ရတယ်။ ဒီစနစ်ဟာ တိုင်းချစ်ပြည် ချစ်မဟုတ်ပါ။ ဒီအကျင့်ဟာ  ပြည်သူကို ဖျက်ဆီးတဲ့ အကျင့်ပါ။ ဒီလိုအကျင့်ရှိတဲ့ သူတွေရဲ့အပြုအမူဟာ ဆင်းရဲမှုကို ဖန်တီး တဲ့အကျင့်ဖြစ်တယ်။  နှလုံးသားပျော့ပျောင်း တဲ့သူမဟုတ်။ နှလုံးသားမနူးညံ့၊ မပျော့ ပျောင်းတဲ့သူဟာ လူမိုက်ပါပဲ။ ဒီလိုစိတ် ဓာတ်ရှိတဲ့သူကို ရွံရှာပစ်ပယ်ကြရမယ်။ တန်ဖိုးနည်းတဲ့သူအဖြစ် သတ်မှတ်ရမယ်။

လေးစားတန်ဖိုးမြတ်နိုးရမယ်

လူတွေဟာ ဘယ်လူမဆို ငြိမ်းချမ်းမှုကို လိုလားကြတာချည်းပါ။ အကျိုးရှိတဲ့ တိုးတက်မှုကို လိုလားကြတာပါပဲ။ တိုး တက်မှုကို ဖျက်ဆီးပစ်တာ မလိုလားကြ ပါ။ ဖျက်ဆီးတဲ့လုပ်ရပ်ဟာ သဘာဝက လက်မခံပါ။ ငြိမ်းချမ်းမှုကို သဘာဝက လက်ခံသလို လူတိုင်းလည်း အကြမ်းဖက်မှု ကိုမလိုလားပါ။ အကြမ်းဖက်မှု အဆုံး သတ်နိုင်ဖို့ တန်ဖိုးမြင့်တဲ့ စိတ်ဓာတ်ကို မြှင့်တင်ကြရမယ်။ ပျိုးထောင်ကြရမယ်။ လေ့ကျင့်ကြရလိမ့်မယ်။ ငြိမ်းချမ်းခြင်းရဲ့ တန်ဖိုးကို နားလည်ရင် အကြမ်းဖက်မှုတွေ ကို ဝေဖန်သုံးသပ်ရမယ်။ ဝေဖန်သုံးသပ် ခြင်းဟာ အရာအားလုံးကို မြှင့်တင်တာဖြစ် တယ်။ အရာရာတိုင်း မြှင့်တင်နိုင်ရင် ပြဿနာမျိုးစေ့ဖြစ်လာမှာမဟုတ်ပါ။ အကျိုး နဲ့အသုံး ၀င်တာတွေ အားလုံးဟာ သက်သာမှုအရာကို ဖန်တီးတာပါပဲ။ ဒါပေမဲ့ အကြမ်းနဲ့ ဖန်တီးတဲ့အရာအားလုံးဟာ ပြဿနာမဖြစ်လာတာမရှိပါ။ လူတွေဆန်္ဒ တွေ ပြည့်ဝဖို့၊ လိုချင်တာ အားလုံးကို ဒေါသမပါဖို့ လိုပါတယ်။ ဒေါသထားတဲ့ အားပေးမှုဟာ စွမ်းအင်ဖြစ်မလာပါ။ အား နည်းချက်သက်သက်မျှသာ ဖြစ်တယ်။ ဒေါသတရား ဟာ အားနည်းချက်အမျိုးမျိုး ကို ပေါက်ကွဲစေတတ်တာကြောင့် ရည် ရွယ်ချက်အကြောင်းနဲ့ အကျိုးတရားကျေး ဇူးကို ဖျက်ဆီးတတ်ပါတယ်။ အရာရာတိုင်း မှာ အပေါ်ယံကြည့်ပြီး မရပါ။ ထောက်ထား ပြီးကြည့်ရတာ၊ မလုပ်ရ တာဖြစ်တာကြောင့် မေတ်္တာတရားနဲ့ထောက်ထားပြီး တိုင်းပြည် သာယာဝပြောရေးကို အသိတရားနဲ့ တည် ဆောက်ရမယ်။ ချစ်ခင်မှု အမှန်တရား အပြည့်အ၀ပါတဲ့ အခြေခံလူ့ဂုဏ်သိက်္ခာ တရားကိုလည်း လေးစား တန်ဖိုးမြတ်နိုးရမယ်။

အလုပ်မှန်ကန်ရေး

အရှင်တို့တိုင်းပြည်ဟာ တစ်ချိန်က လွတ်လပ်ရေးရဖို့ စိတ်ဓာတ်ရေးရာ တန်ဖိုးမှုတွေ အပြုအမူ ပူးပေါင်းဆောင် ရွက်လုပ် ကိုင်နေကြတယ်။  အငြင်းမပွားဘဲ အလုပ် ကို ကိုယ်စီတန်ဖိုးထားကြတယ်။ လွတ်လပ် ရေးကို ရွှေငွေ တွေပေးပြီး ယူချင်တဲ့သူနဲ့ တုံ့ပြန်မှုမလုပ်ဘဲ လွတ်လပ်ရေးကို ပေးဖို့ယူချင်တဲ့ သူနဲ့အကွဲကွဲဖြစ်ကြပေမယ့် ရည်ရွယ်ချက်က လွတ်လပ်ရေးပါပဲ။ အခုလည်း တစ်ပြည်လုံးက “ငြိမ်းချမ်းရေး”ကို မြင်တွေ့ချင်ကြတာကြောင့် ငြိမ်းချမ်းရေးကို ဖိနှိပ်၊ နှိပ်စက်ရေးမပါဘဲ စေတနာကောင်းနဲ့ လှုပ်ရှားပုံသွင်းနေကြတာကို တွေ့ရတယ်။ ဘယ် အရာမဆို လိုလားနှစ်သက်တောင့်တ တိုင်းလည်း ရချင်မှရမှာပါ။ အထွတ်အမြတ် ထားတဲ့တရားတောင်မှ လွတ်လင့်တကူနဲ့ မရကြသလို  ရချင်လိုချင်ကြတဲ့ တိုင်းပြည် ငြိမ်းချမ်းရေးဟာလည်း မျှော်လင့်ကြီးစွာ ထားလို့ ပိုခံစားရတတ်ပါတယ်။ လူတွေဟာ မိမိတို့ရဲ့ ကိုယ်၊ နှုတ်၊ စိတ် အမူအရာ တွေကို မထိန်းမသိမ်းနိုင်လေသမျှ လက် တွေ့ကျင့်သုံးနေထိုင်တဲ့အကျင့်တွေ သန့် စင်မွန်မြတ်တဲ့ အဆင့်ရောက်မှာ မဟုတ်။ လိုအပ်သလို ရင်ဆိုင်ရမှာ(ရင်ဆိုင်ရမှု)ပါပဲ။ ရင်ဆိုင်ရတဲ့ အလုပ်ဟာ ဖိနှိပ်၊ နှိပ်စက်မှု ကင်းဖို့လိုပါတယ်။ ဖိနှိပ်နှိပ်စက်မှုပါ တဲ့အဖြစ်မျိုးဟာ ငြိမ်းချမ်းရေးကို မလိုလား သူတွေရဲ့လုပ်ရပ်ပါပဲ။ ဒီလုပ်ရပ်ဟာ အမှန် တရားကိုဖျက်ဆီး ပစ်တာကြောင့် အဓိပ္ပာယ်မဲ့တဲ့ စိတ်ကူးမှုတွေကို ဖန်တီးနေတာပါပဲ။ လောဘနဲ့ သဘာဝေ၀ဒနာကို ဖန်တီးတဲ့ အပြုအမူဟာ ငြိမ်းချမ်းရေးကို စွန့်ပစ်တဲ့ သူတွေရဲ့ လုပ်ရပ်ပါပဲ။

ပြုမူဆက်ဆံတတ်ရမယ်

ပြည်သူတွေဟာ လိုအပ်မှုကြောင့် အမျိုးမျိုးရင်ဆိုင်ရဲကြတယ်။ အကျဉ်း ထောင်၊ လူသတ်ကွင်းလည်း မကြောက် ကြပါ။ စော်ကားခံတယ်။ နှိပ်စက်ခံတယ်။ ဖိနှိပ်ခံတယ်။ ဆင်းရဲမှုကို မငြိုမငြင် ခံစား နိုင်တာကြောင့် ဘာကြောင့်ငြိမ်းချမ်းရေး မရသလဲဆိုတာကို သူတို့တွေ အမြဲတမ်း မေးခွန်းထုတ်ဖြစ်တယ်။ အကြမ်းဖက်သူ၊ နှိပ်စက်သူ၊ စော်ကားသူတွေရဲ့ လက်ချက် နဲ့ ငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေးအရသာကို မခံစားကြရတဲ့ မြန်မာပြည်သူ တွေဟာ အချင်းချင်းထောင်သွင်း၊ အချင်းချင်း သတ်ဖြတ်ညှဉ်းဆဲလုပ်နေကြခြင်းကို စက် ဆုပ်ရွံရှာနေကြပြီ။ ယခင်က ဒီလုပ်ငန်းဟာ အမှန်တရားကိုမမြင်တဲ့သူတွေက အကြောင်း ခြင်းရာအမျိုးမျိုးပြပြီး လက်တွေ့ကျကျ နိုင်နိုင်နင်းနင်း သတ်ဖြတ်ခဲ့တာတွေကို ပြန်တွေးမိရင် အရှင်တို့ရဲ့ တိုင်းပြည်ခေါင်း ဆောင်သားတွေဟာ အကျင့် ပျက်တောင့်တမှုတွေ များပြားနေကြလို့ပါပဲ။  အကုသိုလ် ဆန္ဒရမ္မက်အားကြီးတာကြောင့် မိမိရဲ့တိုင်း ပြည်လူမျိုး ကိုဖျက်ဆီးပစ်တယ်။ ကြိုးစား ပြီးနှိပ်ကွပ်နေပေမယ့် ဒုက္ခကို ခံနိုင်ရည် ရှိတဲ့ပြည်သူတွေဟာ သို့မဟုတ် တိုင်းရင်း သားတွေဟာ ယုံကြည်ချက်နဲ့ အသိစိတ် ဓာတ်တွေ လက်တွေ့ကျကျစောင့်ထိန်း နေထိုင်ဆောက် တည်ကြလို့ မြန်မာ့နိုင်ငံရေးဟာ ငြိမ်းချမ်းရေးကို စွန့်ပစ်ထားသူတွေရဲ့လက်ထဲကနေ လွတ်မြောက်လာခဲ့ တယ်။  ဒီလွတ်မြောက်မှုဟာ ပျော်ရွှင်မှုတော့ မဟုတ်သေးပါဘူး။ နိုင်နိုင်နင်းနင်း ကျင့်သုံးဆောက် တည်သွားဖို့လို ပါလိမ့်မယ်။ စိတ်တောင့်တမှုအတိုင်း(ဖြစ်တိုင်း) အမှား မှားအလှန်လှန် နှိပ်ကွပ်ကျင့်ကြံခဲ့တဲ့သူကို သည်းခံခြင်း တရားနဲ့ လက်တွေ့ကျကျ ကျေအေးနိုင်ဖို့၊ နှိမ့်ချ ဆက်ဆံမှုမပြုဖို့ သတိထားရမယ်။ လူတွေဟာ ကိုယ့်ကိုယ် ကိုယ်သာ နှိမ့်ချရမယ်။ အများကို နှိမ့်ချပြီး မဆက်ဆံရပါ။

တရားမှုကို ပူးပေါင်းဆောင်ရွက်ပါ

လူတွေဟာ မိမိခံစားရတဲ့ ဆင်းရဲမှုမှ ကင်းအောင် သည်းခံခြင်းတရားကို မွေး ထုတ်ကြရမယ်။ စိတ်ပျက်မှုဆိုတဲ့ အနှောင့် အယှက်ဖြစ်မှုတွေကို ရှောင်နိုင်ရမယ်။ လူမှုအသိုင်းအ၀ိုင်း ပျက်စီးယိုယွင်း ဆုတ် ယုတ်အောင် လုပ်တဲ့ သူကို စုပေါင်းပြီး ၀ိုင်းပယ်ရမယ်။ လူမှုရေး၊ နိုင်ငံရေးတွေမှာ ကြုံရတတ်တဲ့ ပြည့်နှက်နေတဲ့ဒုက္ခကို စိတ်ဓာတ် မပျက်ဘဲ ရင်ဆိုင်နိုင်ရမယ်။ ဘယ်ဒုက္ခမျိုးကိုမဆို ဘာမှမရင်ဆိုင်ဘဲနေ လို့မရပါ။ အလကားနေပြီး သေသွားလို့ လည်း မကောင်းပါ။ အာမခံချက်မရှိတဲ့ ဘ၀ကို မတောင့်တပါနဲ့။ ကြောင့်ကြရမည့် ဘ၀ကိုလည်း မလိုလား မနှစ်သက်ပါနဲ့။ အသက်ရှင်သန်နေချိန်မှာ တိုင်းပြည် အတွက် တစ်ခုခုလုပ်သွားပါ။ လူသား အတွက် အလုပ် လုပ်သွားပါ။ စိတ်အေးချမ်း သာမှုမရတဲ့ဘ၀နဲ့ မတည်ဆောက်ကြပါနဲ့။ အသက်ရှင်ခြင်းဟာ ပဓာနဖြစ်တယ်။ လူ့ ဘ၀ဟာ သက်ရှိလောကတစ်ခုလုံးရဲ့အနှစ်သာရပါ။ အဓိပ္ပာယ်မဲ့တာမရှိပါဘူး။ မှားတဲ့ အမြင်တစ်ခုဟာ မှန်တဲ့ လမ်းစဉ်တွေကို ဖျက်ဆီးတယ်။ အလွန်လှပတဲ့ နှလုံးကို အယူအမြင်မှားခြင်းနဲ့ မတည်ဆောက်ရပါ။ အင်မတန် မြင့်မြတ်တဲ့ မိမိရဲ့အသိအမြင် ဉာဏ်ပညာကို လှပတဲ့ ငြိမ်းချမ်းရေးတရား နဲ့ ပေါင်းစည်းပေးပါ။ ပြဿနာကို ဖြေရှင်း ပေးပါ။ ပဋိပက္ခကိုစေ့စပ်ပေးပါ။ လူ့ဘ၀ လမ်းစဉ်သာယာရေးကို တိုးမြှင့်ဆောက် တည်စီစဉ်ပေးပါ။ စိတ်ဓာတ်ခိုင်မြဲမှုရ အောင် နက်နဲမှု၊ နိုးကြားမှုတရားတွေနဲ့ မိမိတို့ရဲ့တိုင်းပြည်ကို တည်ဆောက်ကြပါ။ သည်း ခံမှုနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ဟာ စိတ်ပျက်မနေကြဘဲ တိုင်းပြည်ကို ငြိမ်း ချမ်းနေတဲ့အသိအမြင်တရားနဲ့ တည် ဆောက် ပေးရမယ်။ အရှင်တို့ဟာ အမြဲတမ်း အောင်မြင်သူမဟုတ်ပါ။ ရှုံးသူ ၊မြတ်သူ၊ အမျိုးမျိုး ဖြစ်နေရမှာပါပဲ။ အဓိပ်္ပာယ်မဲ့တဲ့ ထင်မြင်ခြင်းကို ရှောင်ရှားပါ။ လူ့ဘ၀မှာ အမြဲတမ်းအောင်မြင်မှုမရှိတာကြောင့် စိတ် ဓာတ်ခိုင် မြဲမှုလုပ်ငန်းကိုလည်း မမေ့ရပါ။ အောင်မြင်မှုကို ပန်ဆင်ပေးနိုင်တဲ့ တရား ဟာငြိမ်းချမ်းရေးတရားပါ။ ခုချိန်မှာ အရှင် တို့ဟာ နက်ရှိုင်းတဲ့ ငြိမ်းချမ်းရေးတရားကို ပိုမိုနားလည်ကြရမယ်။ လက်တွေ့ကိုယ် တိုင်ခံစားရတဲ့ တရားဟာ ငြိမ်းချမ်းရေး တရားပါ။ အရှင်တို့ဟာ အသိပညာ၊ဉာဏ် ပညာတိုးတက်မြင့်မားဖို့လိုတယ်။ အသက် ရှင်နေထိုင်ရေးမှာ လူသားအားလုံး အသက် ရှင်နေထိုင်ရေးအတွက်ဟာ အလွန်ကျပ် တည်းပါတယ်။ ဒါကြောင့် မိမိဘ၀တစ်ခု လုံးကို ဘယ်တရားအပေါ်မှ အခြေမခံဘဲ ငြိမ်းချမ်းရေးတရားအပေါ်မှာ အခြေခံဖို့ တရားမှုကို ပူးပေါင်းဆောင်ရွက်သွားကြဖို့ အရေးကြီးပါတယ်။

မူဘောင်ကောင်းသောလူမျိုး

နိုင်ငံရေးပြဿနာဟာ လက်နက်စွမ်းအင်နဲ့ ဖော်ထုတ်ပြတဲ့ ထုံးစံမရှိပါ။ ရည်မှန်း ချက်ပန်းတိုင်ကို တက်လှမ်း နေတဲ့ ခြေ လှမ်းဟာ ရပ်တန့်မသွားဖို့လိုပါတယ်။ လူဟာ ငြိမ်းချမ်းမှုကို အကြမ်းဖက်ခြင်းနည်း နဲ့မရနိုင်ပါ။ အရှင်တို့ရဲ့ မြန်မာပြည်လွတ် လပ်ရေးကို ကြည့်ပါ။ အကြမ်းဖက်တရား နဲ့ ရယူခဲ့တဲ့ လွတ်လပ်ရေးမဟုတ်ပါ။ ယဉ် ကျေးမှုဘောင်တရားနဲ့ တည်ဆောက်ရယူ ထားတဲ့လွတ်လပ်ရေးပါ။ အရှင်တို့ရဲ့ စိတ် နေစိတ်ထားဟာ (မြန်မာလူမျိုးတွေရဲ့စိတ် နေစိတ်ထားဟာ) ကိုယ်ဒုက်္ခ၊ ကိုယ်ခံစား မှုနဲ့ ကိုယ်တိုင်သည်းခံမှုတရားကို အစဉ် အလာ ဓလေ့ယဉ်ကျေးမှုနဲ့ နေတဲ့လူမျိုးပါ။ အမှားအမှန်၊ ကောင်းမကောင်းဆိုတာလည်း ဂုဏ်သိက္ခာ တရား အားလုံးနဲ့ ထိန်းကျောင်းနေထိုင်တဲ့ လူမျိုးတွေပါ။ မိမိမူဘောင်၊ မိမိလမ်းစဉ်အတိုင်းနဲ့ နေထိုင်တဲ့ အရှင်တို့ဟာ အေးချမ်း၊ ငြိမ်သက်၊ သိက္ခာရှိတဲ့စွမ်းရည် ကိုယ်ပိုင်သတိ္တထူးကို အပျက်မခံနိုင်ပါ။ အကြမ်းမဖက်မှုနဲ့ ရဲစွမ်း သတိ္တဟာ မြန်မာတစ်မျိုးသားလုံးရဲ့ ကိုယ် ပိုင်မူဘောင်ပါပဲ။ ဒါကြောင့် အရှင်တို့ရဲ့ ရှေ့မှောက်မှာ လက်နက် စွမ်းအင်နဲ့ ဖော် ထုတ်ပြတဲ့သူတွေကို တုန်လှုပ်မည့်သူ မဟုတ်ကြောင်း၊ ကြောက်ရွံ့မည့်သူမဟုတ် ကြောင်း သိစေချင်ပါတယ်။ အရှင်တို့ဟာ လူသားအားလုံးကို ဒုက်္ခဆင်းရဲမှုပေးတဲ့ လူမျိုးမဟုတ်ပါ။ အကြမ်းဖက်မှုကို ရွံမုန်းတဲ့လူမျိုးပါ။ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း တရားနဲ့ နေထိုင်တဲ့လူမျိုးပါ။ အာဃာတမဲ့ ဇုန်ကို တည်ထောင်တဲ့ လူမျိုးပါ။

ဘ၀ပြောင်းမှုအသိ

အရှင်တို့ဟာ ဆင်ခြင်တုံတရားကို လက်ကိုင်ပြုတဲ့သူတွေပါ။ ကံနဲ့ကံအကျိုး တရားကို လက်ခံယုံကြည် ထားကြတဲ့ သူ တွေပါ။ ဒီကံတရားဟာ လူသားအားလုံး နဲ့ဆိုင်တဲ့ စည်းမျဉ်း၊ ဥပဒေပါပဲ။ လုပ် လာတဲ့ အလုပ်(လုပ်ပြီးတဲ့အလုပ်)၊ လက်ရှိ လုပ်နေတဲ့အလုပ်တွေဟာ အကျိုးဖြစ် မလာတာရှိသလို၊ အကျိုးဖြစ် လာတာလည်း ရှိမှာပါ။ ဖြစ်မလာသေးတဲ့ ကံအရာဟာ အချည်းနှီးဖြစ်မသွားပါ။ စုစည်းခဲ့တဲ့ ကံ တရားရဲ့ အကြောင်းတွေကြောင့် ဖြစ်ပေါ် လာမည့် အကျိုးဆက်တရားတွေကို မြင် လိုတွေ့လိုကြတဲ့သူတိုင်း မိမိရဲ့ ညီညာစွာ လုပ်ကိုင်ဆောင်ရွက်စီစဉ်လာကြတဲ့အကြောင်း ဆက်တရားတွေ တစ်နေ့တစ်ချိန်တစ်ခါမှာ လုံ လောက်ပြည့်ဝတဲ့ အကျိုးခံစားရမှု ရ ကြမှာ မုချပါပဲ။ အရှင်တို့ဟာ လက်ရှိဘ၀ကို အချိန် ကာလတစ်ခုနဲ့ ရယူပိုင်ဆိုင် ထားကြတဲ့သူတွေပါ။ ဒီဘ၀ကို အချိန်တစ်ခုနဲ့ပိုင်ဆိုင်ခဲ့ ရတာကြောင့် ပိုင်ဆိုင်ခွင့်ရတဲ့အချိန်ကို စိတ်ပျက်မှု၊ ဒုက္ခဆင်းရဲရမှု၊ ပူပန်ပူဆွေးရ မှုကို မလိုလား(မလိုချင်)တာ အမှန်ပါပဲ။ ၀မ်းသာဝမ်းမြောက်ဖြစ်မှုနဲ့ ပဋိသန္ဓေအသိ တရားရယူပိုင်ဆိုင်လာခဲ့ကြတဲ့ အရှင်တို့ လူသားတွေဟာ ပူပန်ဒုက္ခပေးမှုလုပ်ငန်းကို အကြွင်းမဲ့ (မရှိ) ရှောင်ကြဉ်ရမယ်။ အကုသိုလ်ဒုစရိုက်ကံတရားဟာ လူသားများ ကျူးလွန်ရသော တရားမဟုတ်။ လူ သားနဲ့မတန်၊ လူသားများ မလုပ်ရသော တရားပါ။ လူဟာ (လူသားဟာ)ပိုပြီးတော့ အကုသိုလ်ကို မလုပ်ရပါ။ အကုသိုလ်ကံ ကို မလုပ်ဖို့ စိတ်အားမြင့်တက်နေရမှာ။ ဒါကြောင့် ကောင်းကျိုးတရားကို ပိုနားလည် တဲ့လူတွေ ဟာ ကုန်ဆုံးလာခဲ့တဲ့အကုသိုလ် ကံအပြုအမူတွေကို အသိဉာဏ်ပွားပြီး လူခပ်သိမ်းကို ကောင်းကျိုး လောက ရောက်အောင် ကိုယ်ကျိုးစွန့်(စွန့်လွှတ်နစ်နာ)မှု တွေလုပ်ကြရမှာပဲ။ အများချမ်းသာရေး အတွက် လူသားခံစား ရသော ဝေဒနာ တရားကို ချမ်းသာမြင့်မြတ်မှုပေးတာပါပဲ။ ဒီစိတ်ဓာတ်အသိဟာ ဘ၀ပြောင်းသွားမှု အားလုံးရဲ့ အသိဖြစ်ပါတယ်။

နိုင်ငံရေးပညာသင်ကြားရေး

လူဟာ ကောင်းတဲ့အကျင့်၊ မြင့်မြတ်တဲ့ အတွေးအခေါ်ရှိရမယ်။ မှန်ကန်တဲ့ အကျင့်ဟာ ဒုက္ခဝေဒနာအမျိုးမျိုးကို ပြောင်းလဲစေပါတယ်။ ဒုက္ခဝေဒနာခံစားရ သူများ အားလုံးရဲ့ အလုပ်ကို နက်ရှိုင်းတဲ့ အသိဉာဏ်နဲ့ မိမိရဲ့အား ထုတ်မှုကို စွန့်လွှတ်နိုင်ရင် မည်သူမျှ နစ်နာရသူမရှိပါ။ မနစ် နာခြင်း အလုပ်ကိုလုပ်နိုင်မှ သိမှ၊ မြင်မှ သာ နိုင်ငံရေးအလုပ်ကို လုပ်နိုင်မှာဖြစ်ပါ တယ်။ ယနေ့ ကမ်္ဘာတစ်ခုလုံးကို ခြုံငုံပြီး ကြည့်ပါ။ လူတွေ စိတ်ဓာတ်ဟာ မျိုသိပ် ထားတဲ့ ဒေါသတွေ များပြားနေတာကို တွေ့ရမယ်။ ဒီစိတ်ဓာတ်ဟာ မကြာခဏ ခါးခါးသီးသီး ပေါက် ကွဲတယ်။ ခါးသီးတဲ့ ပေါက်ကွဲမှုဟာ မပြီးဆုံးနိုင်တဲ့ ရန်သူပါပဲ။ ရန်သူကို ခါးသီးစွာ ဆက်ဆံရင် ပြင်းထန် တဲ့ ငြင်းဆန်မှု၊ မုန်းတီးမှုတွေ ပြီးဆုံးမှာ မဟုတ်ပါ။ ဆင်းရဲဒုက်္ခကြောင့်ကြမှုတွေ မပြေမပျောက်တဲ့ လူနေကမ္ဘာဟာ လူသား အတွက်အကျိုးယုတ်စေပါတယ်။ အယုတ် ပြတဲ့အလုပ်နဲ့ နေထိုင်ကြရတဲ့လူသားတွေ ဟာ နိုင်ငံရေး ပဋိပက္ခစိတ်တွေ များပြားလာပြီး မုန်းတီးမှုအစွဲပြုတဲ့ တရားတွေပြင်းထန် လာကြတယ်။ မုန်းတီးမှုများလာရင် အနိုင် ကျင့်မှု၊ နှိပ်စက်ကလူပြုမှု၊ ဖိနှိပ်မှုတွေ အမျိုးမျိုးဖြစ်လာမယ်။ ဒါ့အပြင် မမှန်ကန် တဲ့နည်းလမ်းတွေ ကို လက်ခံရယူပြီး ပဋိပက္ခ ပြုမယ်၊ ပြဿနာပြုမယ်။ အကုသိုလ်နည်း ပညာတရားတွေများပြားလာတဲ့အခါ အား မထုတ်သင့်တဲ့ အကုသိုလ်တရားတွေကို မွေးထုတ်မယ်။ စစ်မှန်တဲ့ နိုင်ငံရေးအတွေးတွေကို ထိရောက်အောင် မတွေးဘဲ ဒုက္ခ ပူပင်ကြောင့်ကြရတဲ့ နိုင်ငံရေးတွေကိုပဲ လူ့ အဖွဲ့အစည်းတွေကို သင်ပေးမယ်။ ဒီလုပ် ရပ်တွေကို တစ်ကမ္ဘာလုံးက ရပ်တန့်သွားအောင် အဓမ္မနည်းမပါတဲ့ နိုင်ငံရေးပညာရပ်ကို သင်ကြားအား ထုတ်ပေးရမှာ ဖြစ်ပါတယ်။

သည်းခံမှုတရားဂုဏ်

ယနေ့တစ်ကမ္ဘာလုံးကို ခြုံငုံပြီးကြည့် ကြပါ။ ရည်ရွယ်ချက်ကောင်းမပါတဲ့ နိုင်ငံ ရေးတွေနဲ့ အချိန်ဖြုန်းတီးပြီး လုပ်နေကြ တယ်။ အစဉ်အလာမြင့်မြတ်တဲ့ နိုင်ငံရေး လမ်းစဉ်ကောင်းတွေကို မကျင့်သုံးမဆောက် တည်ဘဲ အသိပညာကင်းမဲ့မှုတွေ အားပေး နေကြတယ်။ လူနေကမ္ဘာကို မျှော်လင့်ချက် ကောင်းပါတဲ့ နိုင်ငံရေးစနစ်နဲ့ (ပညာကို) မပေးဘဲခေတ်ပညာရေးတွေကိုတော့ အား ပေးမြှင့်တင်နေကြတယ်။ စိတ်ကူးမြင်ထားတဲ့ အမြင်နဲ့ နိုင်ငံရေးကို လုပ်နေကြတယ်။ ဒီ လုပ်ရပ်ဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ နိုင်ငံ ရေးပညာရပ်ကို ဆုတ်ယုတ် အားလျော့စေ မှာဖြစ်ပါတယ်။ ကိုင်းရှိုင်းမှု၊ ရိုးသားဖြောင့် မတ်တည်ကြည်မှုမရှိ(မပါ)တဲ့နိုင်ငံရေးဟာ လေးစားရို သေရတဲ့လောကမဖြစ်ဘဲ ဖျက်ဆီး ဒဏ်ခံရမယ့်လောကဖြစ်လာမယ်။ ဒီအမူ အကျင့်ကို နိုင်ငံရေး လုပ်တဲ့ သူတွေ သိထား ရမယ်။

စာရှုသူ ပရိသတ်များ စဉ်းစားပြီး သုံးသပ်(ခြုံငုံသုံးသပ်)ကြပါစို့။ ယုံကြည်မှု တစ်ခုဟာ ရှင်သန်နေမှု အမြဲတမ်းရှိ နေမယ် ဆိုရင် ယုတ်မာမှုဘယ်တော့မှ မဖြစ်ပါ။ ယုတ်မာမှုကို စွန့်လွှတ်ထားတဲ့သူတိုင်းဟာ အကောင်းဘက် မပါတဲ့ အဓမ္မတရားတွေ ကို ဘယ်တော့မှမပြု၊ မပူးပေါင်း။ အကြမ်း မဖက်၊ ရန်ငြိုးအာဃာတမရှိ၊ နောက်ပိတ် ဆုံးအာဏာရှင်တွေကို အထောက်အပံ့မပြု ကြတော့ဘဲ အရှင်တို့ရဲ့ တိုင်းပြည်(မြန်မာ)ကို စိတ်အဓိဋ္ဌာန်နဲ့ တည်ဆောက်နိုင်ကြ တော့မှာဖြစ်ပါတယ်။ ဒါကြောင့် မညီညွတ် သူတွေကို ဓားမိုးအုပ်စိုးမှုမပြုဘဲ သတ် ဖြတ်ခြင်း၊ နာကြည်းစေခြင်းကို ရှောင်ရှား ခိုင်းပြီး တိုင်းပြည်အကျိုးကို လှည့်စားခြင်း၊ ပရိယာယ် ဆင်ခြင်းကင်း မဲ့တဲ့ ပြည်သူ့ခေါင်း ဆောင်ကောင်းတွေ မြန်မာပြည်မှာပေါ်လာ ဖို့ သေချာလောက်ပါတယ်။ ခိုင်မာတဲ့စိတ် ဆုံးဖြတ်ချက်နဲ့ သည်းခံမှု တရားဂုဏ်ကို မွေးမြူပွားများနိုင်သူဖြစ်ပါစေ။ဒ

မြန်မာသံတော်ဆင့်