အရက်မူးနေသူများမှ အကြောင်းမဲ့ထိုးကြိတ်ခဲ့သဖြင့်ဒဏ်ရာရ

ပို့စ်တင်ချိန် - 3/17/2014 07:26:00 PM


ရန်ကုန်၊ မတ် ၁၇

၁၆.၃.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်ခန့်တွင် ကျောက်တံတားမြို့နယ်နေ ဦးမျိုးဇော်သောင်းသည် မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းရှိ Brave Bar ကလပ်တွင် မိတ်ဆွေဖြစ်သူ ကိုအောင်မျိုးထွန်းနှင့်အတူ ရောက်ရှိဘီယာ
သောက်နေစဉ် အမည်မသိအမျိုးသား(၅)ဦးတို့မှ အရက်မူးကာ ဦးမျိုးဇော်သောင်းအား အကြောင်းမဲ့ဆဲဆိုပြီးဝိုင်းဝန်းထိုးကြိတ်ကြကြောင်း၊ ဦးမျိုးဇော်သောင်းမှထွက်ပြေးခဲ့ရာ ၎င်းအမျိုးသားများမှကလပ်အ၀င်ဝအထိ လိုက်လံထိုးကြိတ်ခဲ့ကြောင်း၊ ထိုသို့ ထိုးကြိတ်ခဲ့သဖြင့်ဦးမျိုးဇော်သောင်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ(၁)ချက်၊ နှုတ်ခမ်း/နှာခေါင်းဖူးရောင်၊ အပေါ်
ရှေ့သွား(၁)ချောင်းကျိုးဒဏ်ရာများရရှိခဲ့ကြောင်းနှင့်ယင်းသို့ပြစ်မှုကျူးလွန်
သူများအား စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် မရမ်းကုန်း
မြို့မရဲစခန်း(ပ)၆၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၉၄/၃၂၅/ ၁၁၄ ဖြင့်အမှုဖွင့်ပြီး
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police