သစ်ပင်အားဝင်တိုက်၍ ယာဉ်မီးလောင်

ပို့စ်တင်ချိန် - 3/05/2014 06:18:00 PM


နေပြည်တော်၊ မတ် ၎

၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရွာသာကြီး ကျေးရွာမြောက် ဘက် ရွှေဘို-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၅၁/၀) အနီး၌ ၁င/----- မတ်တူးယာဉ်သည် လမ်းဘေးရှိအော်ရေးရှားပင်အား ဝင်ရောက်တိုက်မိကာ တစ်ပတ်လည်၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ထိုသို့မီးလောင်မှုကြောင့် ယာဉ်မောင်းဖြစ်သူ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်နေ ချမ်းငြိမ်းဇော် (၁၉)နှစ်နှင့် ယာဉ်ပေါ်ပါ ရတနာဗိမ္မာန်ကျောင်းနေ ဥူးသာသနာ ဝါတော်(၁၁)ဝါ၊ သက်တော်(၃၀)နှစ်တို့မှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး မြင်းမူမြို့၊ ဘူးဝရွာထောင်ရွာနေ ဒေါ်ဝေ(၄၀)နှစ်တွင် ပါးစပ် သွေးထွက်၊ ဝဲလက်နာကျင်ဒဏ်ရာနှင့် သမီးဖြစ်သူ မမေသူ(၂၀)နှစ်၌ ယာခြေနာကျင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူချမ်းငြိမ်းဇော်အား ရွှေပန်းကုန်းနယ်မြေရဲစခန်း၊ ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar