တရားမ၀င်သယ်ဆောင်လာသည့်ရွှေတုံးများ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်ဖမ်းမိ

ပို့စ်တင်ချိန် - 3/31/2014 09:52:00 PM


နေပြည်တော်၊ မတ် ၃၁

၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ်စဉ် MH-၇၄၃ ဖြင့် မလေးရှားနိုင်ငံသို့လိုက်ပါမည့် အိနိ္ဒယနိုင်ငံသား Mr.Jaffar Mohamed Shafi (၄၃)နှစ်၏ ခရီးဆောင်အိတ်အား စစ်ဆေးရေးအဖွဲ့မှ X-Rays စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ်

အိတ်အတွင်းမှ တိပ်အနက်ရောင်ဖြင့်ပိတ်၍ ကာဗွန်ခံကာ ပလပ်စတစ်အနက်ဖြင့်ပိတ်ထားသော (၁)တုံးလျှင်(၁၀)ကျပ်သားခန့်စီရှိ ရွှေတုံး(၂၀)တုံး၊ အလေးချိန်(၂၀၀)ကျပ်သားခန့်၊ တန်ဘိုးငွေကျပ်သိန်း(၁၃၀၀)ခန့်အား စစ်ဆေးတွေ့ရှိရသောကြောင့် Mr.Jaffar Mohamed Shafi အား မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၄၆/၂၀၁၄၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်