လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲသူအား အရေးယူ

ပို့စ်တင်ချိန် - 3/05/2014 08:26:00 PM


ရန်ကုန်၊ မတ် ၅

၂၃.၂.၂၀၁၄ ရက်နေ့ ၁၆၄၅ အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် လျှပ်စစ် ဓါတ်အားကို တရားမ၀င်သုံးစွဲနေကြောင်းသတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ဂန္ဓမာလမ်း၊ တိုက်အမှတ်(၁၀)သို့သွားရောက်စစ်ဆေးရာ (၅)လွှာရှိအခန်းနေ ဦးချိုလတ်မှာ အဆိုပါတိုက်၏ အခန်း(၈)ခန်းအတွက် လျှပ်စစ်ဓါတ်အား
ပေးထားသည့် မီတာဘောက်မှ 1c x 25mm2 ကြိုး(၄)ချောင်းဖြင့် လျှပ်စစ်ဓါတ်အားကိုတိုက်ရိုက်ဖောက်ယူကာ ၎င်း၏အခန်းသို့
သွယ်တန်းသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရ၍ လျှပ်စစ်ဓါတ်အား ကိုခိုးယူသုံးစွဲသူ ဦးချိုလတ်အား အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ၄.၃.၂၀၁၄ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၁၄၂/၂၀၁၄၊ ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥပဒေပုဒ်မ ၃၃/၃၄ ဖြင့်
အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police