အပိုင်းအစတွေ့ရှိခဲ့တဲ့ နေရာကို ရှာဖွေရေးလေယာဉ် ၆ စီး စေလွှတ်ထား

ပို့စ်တင်ချိန် - 3/22/2014 05:21:00 PM


ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ကို ရှာဖွေနေတာမှာ ရက်သတ္တပတ် ၃ ပတ်ရှိလာပြီဖြစ်ပါတယ်။

လေယာဉ်ရှာဖွေရေးမှာ အမေရိကန်နိုင်ငံက နည်းပညာအကူအညီပေးဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ် ထံ မလေးရှားနိုင်ငံက တောင်းခံထားပါတယ်။

tbo.comသြစတြေးလျ ရေကြောင်းအန္တရာယ် ကင်းရှင်းရေးအာဏာပိုင်တွေကတော့ အပိုင်းအစတွေ့ရှိခဲ့တဲ့ နေရာကို မတ်လ ၂၂ ရက်နေ့က ရှာဖွေရေးလေယာဉ် ၆ စီးစေလွှတ်ထားပါတယ်။

သြစတြေးလျနိုင်ငံ အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀၀ အကွာက အပိုင်းအစတွေ တွေ့တဲ့နေရာမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း သြစတြေးလျနိုင်ငံက သွားရောက်ရှာဖွေခဲ့ကြပေမယ့် ရာသီဥတု ဆိုးဝါးတာကြောင့် ဘာမှ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။ ဒါပေမယ့် သြစတြေးလျအာဏာပိုင်တွေကတော့ ဆက်လက်ကြိုးစားရှာဖွေဦးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့ရက်တွေအတွင်း လေပေါ်ပေါ်နေခဲ့တဲ့ အပိုင်းအစတွေဟာ ရေအောက်ကို မြှုပ်သွားပုံပေါ်တယ်လို့ သြစတြေးလျ ဒုတိယ၀န်ကြီးချုပ် ၀ါရန် ထရတ်စ် က ဆိုပါတယ်။

ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီးပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံ နဲ့ ထိုင်းနိုင်ငံကြား ပင်လယ်ပြင်ကို ဒုတိယအကြိမ် ထပ်မံ ရှာဖွေကြအုံးမှာလည်း ဖြစ်ပါတယ်။

ဒီတပတ် လေယာဉ်ရှာဖွေရေးမှာ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်လေယာဉ်တွေနဲ့ တရုတ်နိုင်ငံနဲ့၊ ဂျပန်နိုင်ငံက လေယာဉ်တွေ ပူးပေါင်းရှာဖွေကြမှာဖြစ်ပါတယ်။

DVB Burmese