ငွေခိုးယူသူဘဏ်ဝန်ထမ်းအား အရေးယူထား

ပို့စ်တင်ချိန် - 3/04/2014 07:53:00 PM



နေပြည်တော်၊ မတ် ၎

၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ ကွက်သစ်အရှေ့၊ အမှတ်(၁၀)ရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် မြန်မာရှေ့ဆောင်ဘဏ်မှ မန်နေဂျာ ဒေါ်သူဇာထွေး(၃၇)နှစ်သည် ဘဏ်လုပ်ငန်းများဆောင်ရွက်နေစဉ် ငွေများအားသိမ်းဆည်းစစ်ဆေး ထုပ်ပိုးရာ တစ်ထောင်ကျပ်တန်ငွေ(၁)အုပ်၊ စုစုပေါင်းငွေကျပ်(၁၀၀၀၀၀ိ/-)ပျောက်ဆုံးနေသဖြင့် ဘဏ်အတွင်း တပ်ဆင်ထားသည့် CCTV ကင်မရာမှတ်တမ်းများမှတစ်ဆင့် ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာ ချေးငွေဌာနမှ မကွေးမြို့၊ ပြည်တော်သာရပ်နေ အငယ်တန်းစာရေး မခိုင်ယဉ်မွန်အောင် (၂၆)နှစ်သည် ငွေများတင်ထားသည့်စားပွဲပေါ်မှ တစ်ထောင်ကျပ်တန်(၁)အုပ်ကို လက်ကိုင်အိတ်ထဲသို့ ထည့်သည်ကိုတွေ့ရှိရသဖြင့် ဒေါ်သူဇာထွေးနှင့်အဖွဲ့မှ စစ်ဆေးရှာဖွေခဲ့ရာ ပျောက်ဆုံးသွားသည့် တစ်ထောင်ကျပ်တန်(၁)အုပ်၊ ငွေကျပ်(၁၀၀၀၀၀ိ/-)အား မခိုင်ယဉ်မွန်အောင်၏ ဖြူ/နက်ကြားပိုက်ဆံအိတ် အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ပြီး အရေးယူပေးရန်တိုင်တန်းခဲ့သောကြောင့် မခိုင်ယဉ်မွန်အောင်အား ချောက်မြို့မရဲစခန်း(ပ)၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်