လွှတ်တော်ကိုယ်စားလှယ်များ မီဒီယာမှတဆင့် ပြည်သူအား အသိပညာပေးရန် လိုအပ်နေဟုဆို

ပို့စ်တင်ချိန် - 3/04/2014 08:19:00 PM


စိုင်းလမင်း
နေပြည်တော်၊မတ် ၎

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မများနင့်အညီ အချင်းချင်း ထိန်းညှိ ဆောင်ရွက်နေမှုအပေါ် ပြည်သူများ ပွင့်လင်းထင်ရှားစွာ သိမြင်နိုင်စေရန် စာနယ်ဇင်းမီဒီယာများမှတဆင့် အသိပညာပေးခြင်း ကို လုပ်ငန်းတစ်ရပ်အဖြစ် အလေးထား ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု ပြည်သူ့ လွှတ်တော် အစိုးရ၏ အာမခံချက်များ ၊ ကတိများနင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အစီရင်ခံသည်။

ထိုအစီရင်ခံစာကို ပြည်သူ့ လွှတ်တော် အစိုးရ၏ အာမခံချက်များ ၊ ကတိများနင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ က ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ မတ်(၄)ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ အာမခံချက်များ ၊ ကတိများနင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအနေ ပြည်သူ့ လွှတ်တော် အနေနင့် စစ်ဆေးတွေ့ရှိချက်များအပေါ် တွေ့ရှိချက် ၊ သုံးသပ်ချက်နင့် အကြံပြုတင်ပြချက်များတွင် စိစစ်သည့် လုပ်ငန်း (၁၁)ခုအနက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တိုင်းဒေသကြီးအစိုးရ ၊ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများမှ တာဝန်ရှိသူအဆင့်ဆင့်၏ ပူးပေါင်းကူညီမှု ဤအဖွဲ့၏ စိစစ်မှုအပေါ် အလေးထားဆောင်ရွက် ပေးမှုတို့ကြောင့် ကတိပြုထားသည့် လုပ်ငန်းအားလုံးနီးပါး ဆောင်ရွက် ပြီးစီးကြောင်း တွေ့ရှိရပြီး ဒေသခံများ၏ ကျန်းမာရေး ၊ပညာရေး၊လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ် မီးလင်းရေး၊ စိုက်ပျိုးရေး အထောက်အပံ့ပြုသည့် လုပ်ငန်းများ အပါအ၀င် လူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှုအပေါ် ဒေသခံမျာမှ ကျေနပ်ကြောင်း တွေ့ရှိရသည်ဟုရေးသားဖော်ပြထားသည်။

ထို့အပြင် ကော်မတီမှ စိစစ်ခဲ့သည့် လုပ်ငန်းများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများမှအဆင့်ဆင့် ကြပ်မတ် ဆောင်ရွက်ပေးသည့်အတွက် လုပ်ငန်းအားလုံးနီးပါး ပြီးစီးနေကြောင်း တွေ့ရှိရသဖြင့် အဆိုပါ လုပ်ဆောင်ချက်များသည် ပြည်သူလူထုအကျိုးနှင့် နိုင်ငံတော်အကျိုးအတွက် ပြည်သူ့ဘဏ္ဍငွေအား လေလွင့်မှုအနည်းဆုံးဖြင့် ထိရောက်မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ဆောင်ရွက်ပေးသည့် လုပ်ငန်းတစ်ရပ်အဖြစ် သုံးသပ်ရရှိပါကြောင်း အစီရင်ခံတင်ပြသည်။

Popular Myanmar News Journal