မိုးထိမိုးမိရွှေလုပ်သားများ၏သပိတ်စခန်း ဖြိုခွင်းခံရ

ပို့စ်တင်ချိန် - 3/04/2014 08:21:00 PM


မိုးထိမိုးမိရွှေလုပ်သားတွေ သပိတ်စခန်းဖွင့်လှစ်ထားရာ ရွှေမြှင်တင်သပိတ်စခန်းကို ဒီနေ့ ညနေ ငါးနာရီထိုးလောက်မှာ နယ်မြေဒေသအစုံမှ ရဲအင်အား ၁၀၀ ကျော်အပါအ၀င် ရပ်မိရပ်ဖတွေ နဲ့ ၀ိုင်းပြီး ဖြိုခွင်းခဲ့ပါတယ်။

ကလေးသူငယ်တွေ နဲ့ လူအိုတွေအပါအ၀င် ရွှေလုပ်သား ၅၀ ကျော်ကို ရမည်းသင်းထောင်ချုပ်ကို ခေါ်ဆောင်သွားတယ်လို့ မြင်တွေ့တဲ့ ရွှေမြှင်တင်ကျောင်းတိုက် ဆရာတော်က မိန့်ပါတယ်။

သပိတ်စခန်းက ဘုရားနားမှာရှိပြီး ဘုရားပွဲရှိတဲ့အတွက် ၀င်ရောက်ဖမ်းဆီးတာဖြစ်ပြီး ရုန်းရင်းဆန်ခတ် မဖြစ်ပွားခဲ့ဘူးလို့ ဆိုပါတယ်။

မိုးထိမိုးမိရွှေလုပ်သားတွေကို သပိတ်စခန်းပယ်ဖျက်ပေးဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းခဲ့ဖူးပြီး လုပ်သားတွေတောင်းဆိုတဲ့ ရွှေလုပ်ကွက်အသစ်ချပေးရေးကို မလိုက်လျောနိုင်တဲ့အတွက် သပိတ်စခန်းကို ဆက်လက်ဖွင့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင်တွေ ရန်ကုန်မှာ လာရောက်ဆန္ဒပြခဲ့ကြပါသေးတယ်။


DVB Burmese