စမတ်ဖုန်းပေါ်မှာတင် သွေးစစ်နိုင်တော့မည်

ပို့စ်တင်ချိန် - 3/26/2014 08:48:00 AM


ဆေးရုံသွားပြီး သွေး စစ်နေရတဲ့သူများ မကြာခင်မှာ မိမိရဲ့ စမတ်ဖုန်းပေါ် မှာ သွေးစစ်နိုင်မှာဖြစ်လို့ ဆေးရုံသွားရတဲ့ ဒုက္ခ ကင်းဝေးတော့မှာ ဖြစ်ပါတယ်။ ဒီလို စမတ်ဖုန်းပေါ်မှာတင် သွေးစစ်နိုင်မယ့် နည်းပညာကို ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Swiss Federal Institute of Technology (EPFL) က တီထွင်ခဲ့ပြီး လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်နေပါပြီ။

ဒီနည်းပညာဟာ သွေးခဲလို့ သွေးကျဲဆေးကို သုံးစွဲနေရပြီး ဆေးရုံကို မကြာခဏ သွား သွေးအစစ်ခံနေရတဲ့ လူနာများအတွက် အကောင်းဆုံး တီထွင်မှုဖြစ်စေမှာပါ။ သွေးအစစ်ခံ လူနာဟာ သွေးတစ်စက်ကို သူတို့ရဲ့ အထူးပြုလုပ်ထားတဲ့ ပုံပါ တစ်ခါသုံး ဇီဝဖလင်ပြားပေါ်မှာတင်ပြီး စမတ်ဖုန်းရဲ့ မျက်နှာပြင်ပေါ် တင်လိုက်တဲ့အခါ ယင်းနည်းပညာသုံး စမတ်ဖုန်းရဲ့ App က ဝေဖန်စိစစ်မှု၊ စမ်းသပ်မှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီနည်းပညာရဲ့ တိကျမှန်ကန်မှုကို စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ၂ဝ၁၅ မှာ အလုံးအရင်းနဲ့ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

TZ (MCG)
Myanmar consumer