လက်နက်ကိုင်၍ မူးယစ်ရမ်းကားသူအား အရေးယူထား

ပို့စ်တင်ချိန် - 3/07/2014 09:43:00 PM


နေပြည်တော်၊ မတ် ၇
၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ဘူတာကျေးရွာ အုပ်ချုပ်ရေးမှူးမှ ရွာလယ်လမ်းမပေါ်တွင်လူတစ်ဦးဓါးကိုင်ရမ်းကားနေကြောင်း ဖုန်းဖြင့်သတင်းပို့သဖြင့် သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကုန်း ကျေးရွာနေ ၀င်းတင့်(၂၁)နှစ်သည် အရိုးအသွား(၁၃)လက်မခန့်၊ ဗျက်(၁)လက်မခန့်ရှိ ဓါးမြှောင်(၁) ချောင်းအားကိုင်ဆောင်၍ မူးယစ်ရမ်းကားနေသည်ကိုတွေ့ရှိရသဖြင့် ဓါးမြှောင်အား သက်သေများ ရှေ့တွင်သိမ်းဆည်းကာ ခွင့်ပြုမိန့်တစ်စုံတစ်ရာမရှိဘဲ ဓါးဦးချွန်ဓါးမြှောင်ကိုင်ဆောင်သူ ၀င်းတင့်အား နတ်မောက်မြို့မရဲစခန်း(ပ)၃၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်