အင်္ဂလန်နိုင်ငံသူ၏ ပျောက်ဆုံးသွားသည့်ဖုန်းအား ပြန်လည်ပေးအပ်

ပို့စ်တင်ချိန် - 3/22/2014 08:52:00 AM



နေပြည်တော်၊ မတ် ၂၁
၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးဘူတာသို့ဆိုက်ရောက် လာသည့် အမှတ်(၃)အဆန် ရန်ကုန်-မန္တလေးရထား၊ အထက်တန်းတွဲ(၂)၊ ခုံအမှတ်အေ(၈)၊ ဘီ(၈)တွင် အင်္ဂလန်နိုင်ငံသူ Ms Daniclle Hazcl Harrison (၂၂)နှစ်သည် ညီမဖြစ်သူ Ms Rebetah Lauren Sin ton နှင့်အတူ စီးနင်းလိုက်ပါလာစဉ် Ms Daniclle Hazcl Harrison ၏ အမေရိကန်ဒေါ်လာ (၈၀၀)တန်ဘိုးရှိ Iphone 5c လက်ကိုင်ဖုန်းမှာ ၎င်းဝတ်ဆင်ထားသည့်ဘောင်းဘီရှည် ဘေးအိတ် အတွင်းမှ ထွက်ကျပျောက်ဆုံးသွားကြောင်း ရထားရဲတပ်ဖွဲ့၊ အမှတ်(၄)တပ်ခွဲ(မန္တလေး)၊ ရထားရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့သည်။
ထိုသို့အကြောင်းကြားသဖြင့် အသေးစိတ်မေးမြန်းပြီး ရထားရဲစခန်းမှတပ်ဖွဲ့ဝင်များက ဘူတာ ယာဒ်ဝင်းနှင့် ရထားတွဲများပေါ်သို့ လိုက်လံစုံစမ်းရှာဖွေပေးနေစဉ် အဆိုပါ ရပ်ထားသောရထား အထက်တန်းတွဲ(၂)ပေါ်သို့ တက်ရောက်သန့်ရှင်းရေးပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ၇၈x၇၉ လမ်းကြား၊ ၃၄ လမ်းနေ ဦးကျော်ဌေး(၄၇)နှစ်မှ ဖုန်းအားတွေ့ရှိ၍ လာရောက် အပ်နှံခဲ့သောကြောင့် ရထားရဲစခန်းမှူးမှ Ms Daniclle Hazcl Harrison သို့ ဆက်သွယ် အကြောင်းကြားပြီး ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်