အပျော်လွန်ဆိုင်ကယ်တိုက်မှုဖြစ်

ပို့စ်တင်ချိန် - 3/21/2014 06:40:00 PM


ကရင်ပြည်နယ်၊ဘားအံခရိုင်လိပ်သိုမြို့နယ်ခွဲအခြေခံပညာအထက်တန်းကျောင်း တက္ကသိုလ် ၀င်တန်းစာ မေးပွဲဖြေဆိုနိုင်မှုအတွက် အပျော်လွန်ကျောင်းသားမောင်းနှင် လာသော ဆိုင်ကယ်သည် မော်တော်ကားပေါ်မှ ဆင်းလာသော ခရီးသည်အား ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လိပ်သိုမြို့နယ်ခွဲ သောက်ရေခပ်ကျေးရွာမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသား စောအကွီးနို (၂၀)နှစ် (ဘ) ဦးစောစီးပရီးအားနို သည် လိပ်သိုမြို့နယ်ခွဲအထက်တန်းကျောင်း၌ ဘောကဗေဒ ဘာသာရပ်ဖြေဆိုနိုင်မှုအတွက် အပျော်လွန်ကာ kanbo 125 အနက်ရောင်ဆိုင်ကယ်ကိုမောင်းနှင်လာရာ အမှတ် (၁)ရပ်ကွက် မိုင်တိုင် ၃၁/၁ အနီးတွင် ရင်မောင်းကျော်မြင့်မောင်းနှင်လာသောလိပ်သိုတောင်ငူ လိုင်းကား ယာဉ် အမှတ် ၈ခ/၄၈၆၈ ကင်ဒါအဖြူရောင်ပေါ်မှဆင်းလာသော အောက်နန်းချိုရွာနေ ဦးအောင်ကြိုင်အသက်(၄၅)နှစ် (ဘ)ဦးတင်ညွှန့်အား ၀င်ရောက်တိုက်မိခဲ့သည်။ ထိုသို့ယာဉ်တိုက်မှုကြောင့်ဦးအောင်ကြိုင်တွင် ၀ဲဘက်ဂျိုစောင်း နှင့် တံတောင်တို့တွင် ပွန်းပဲဒဏ်ရာများရရှိကာ တစ်ချက်စီချုပ် ဒါဏ်ရာများရရှိပြီး ဆိုင်ကယ်မောင်းနှင်သူ စောအကွီးနိုမှာ ၀ဲဘက်မျက်ခွံအထက် (၅)ချက်ချုပ် ပေါက်ပြဲဒါဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။

MOI Webportal Myanmar