အင်းမတီး ဘုန်းကြီးကျောင်း စစ်တပ်က ဖျက်ဆီး (အသံဖိုင်ပါသည်)

ပို့စ်တင်ချိန် - 3/05/2014 01:13:00 PM


ရန်ကုန်တိုင်း လှည်းကူးမြို့ နယ်မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လ ၄ ရက်နေ့က အဖျက်ခံလိုက်ရတဲ့ အင်းမတီး ရွာသားတွေ ခေတ္တခိုလှုံနေတဲ့ ကမ္မဌာန်း ဘုန်းကြီးကျောင်းကို ဒေသခံစစ်တပ်က ပြီးခဲ့တဲ့ရက်က ဝင်ရောက်ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

ဒါကြောင့် အင်းမတီးရွာသား ကလေး၊ လူကြီး အယောက် ၁ ရာကျော်ဟာ အဲဒီအနီးကတောစပ် မှာ မြေစိုက်ယာယီတဲတွေနဲ့ နေထိုင်နေကြပြီး၊ ကမ္မဌာန်းကျောင်းမှာ သတင်းသုံးတဲ့ သံဃာတော် ၂ ပါးလဲ သူတို့နဲ့အတူ ယာယီသတင်းသုံး နေထိုင်နေ ရတယ်လို့ သိရပါတယ်။

လောလောဆယ်မှာ သမီးလေးရွာသားတွေ ပြန်ပြီး မျှဝေထားတဲ့ ဆန်နဲ့ အခြားစားသောက်ရိက္ခာတချို့ ပဲ သူတို့ဆီမှာရှိပြီး၊ အခြားကူညီမယ့်သူမရှိဘူး လို့ ရွာသားတွေကပြောပါတယ်။

ကမ္မဌာန်းကျောင်းအဖျက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အင်းမတီးရွာသား ဦးမောင်ချစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင် နားဆင်ရန်

RFA Burmese