၈၈ မျိုးဆက်နဲ့ အန်စီစီတီ တွေ့ဆုံ ဆွေးနွေးပြီး သဘောတူညီချက် ၂ ရပ် ချမှတ်

ပို့စ်တင်ချိန် - 3/09/2014 06:06:00 PM


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCTနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မတ်လ ၈ရက်က ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ၂ ရပ် ချမှတ်ခဲ့ကြပါတယ်။

အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင်ကြရန်နှင့် နိုင်ငံရေး အင်အားစုများ အားလုံးပါဝင်သည့် ပြည်ထောင်စုညီလာခံ ပေါ်ပေါက်လာရန် အတွက် ၀ိုင်းဝန်းအကောင်အထည်ဖော်ရန် ဆိုသည့် သဘောတူညီမှု ၂ ရပ်ကို ဆုံးဖြတ်လက်ခံခဲ့ကြခြင်း ဖြစ်တယ်လို့ ၈၈ မျိုးဆက် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက်အဖွဲ့နဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားမဟာမိတ်အဖွဲ့တို့ အလားတူ သဘောတူညီချက် ၃ရပ် ချမှတ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီချက် ချမှတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

DVB