စပါးရိတ်သိမ်းခြွေလှေ့စက် နောက်ဘီးဖြင့်ကြိတ်မိခဲ့၍ ကြွက်ဖမ်းနေသော ကလေးတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 3/30/2014 04:58:00 PM


ရန်ကုန်၊ မတ် ၃၀

၂၉.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် တွံတေးမြို့နယ်၊ ခတ္ထိယ
ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များသည် တွံတေးမြို့နယ်၊ ရွာဘုံကျေးရွာတွင် ကလေးတစ်ဦး စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့်ကြိတ်မိ၍ ဒဏ်ရာများရရှိကာ တွံတေးဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၇.၃.၂၀၁၄ ရက်နေ့ ၁၀၃၀ အချိန်ခန့်က
တွံတေးမြို့နယ်၊ ရွာဘုံကျေးရွာနေ သန်းထိုက်အောင်၊ (ဘ)ဦးမောင်ခင်
သည် တစ်ရွာတည်းနေ ဦးထွန်းထွန်းဝင်း၏လယ်ထဲ၌ Koboda အဖြူ / အနီကြား စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးများခြွေလှေ့ခဲ့ပြီး အဆိုပါ
စက်အား နောက်ဘက်သို့ပြန်ဆုတ်စဉ် ၎င်းလယ်ထဲ၌ ကြွက်ဖမ်းနေသော ရွာဘုံကျေးရွာနေ ကျော်ကျော်ထွန်း(ခ)ဗိုက်ကြီး၊ (၁၃)နှစ်၊ (ဘ)ဦးနိုင်ဦးကို
နောက်ဘီးဖြင့်ကြိတ်မိခဲ့သဖြင့် ကျော်ကျော်ထွန်း(ခ)ဗိုက်ကြီးတွင် ၀ဲနား
နောက်ဖူးရောင်ညိုမဲ၊ နောက်ကျောဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး တွံတေး
မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ်သဆုံးသွားခဲ့ကြောင်း စစ်ဆေးသိရှိရ
ပါသည်။

ယင်းကဲ့သို့ စပါးရိတ်သိမ်းခြွေလှေ့စက်ကို ပေါ့လျော့စွာမောင်းနှင်သူ သန်းထိုက်အောင်အား တွံတေးမြို့နယ်၊ ခလောက်ချိုက်နယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police