ဆီးဂိမ်း အတွက် တရုတ်နိုင်ငံ မှ ယွမ်ငွေ သန်း (၂၀၀)ကျော် ထောက်ပံ့ ပေးခဲ့

ပို့စ်တင်ချိန် - 3/22/2014 09:28:00 AM



ဆီးဂိမ်း ပြိုင်ပွဲကြီး တစ်ခုလုံး အောင်မြင်စွာ ကျင်းပ နိုင်ရန် အတွက် တရုတ် နိုင်ငံ မှ ယွမ်ငွေ (၂၁၁ ဒသမ ၄၃) သန်းထောက်ပံ့ ပေး ခဲ့ကြောင်း အားကစား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးသောင်းထိုက် က ပြောကြား သည်။ ဖွင့်ပွဲ ပိတ်ပွဲ အခမ်း အနား ကို တရုတ် နိုင်ငံ က နိုင်ငံတော် အဆင့်မီ ကျင်းပ နိုင်ရေး အတွက် နည်း ပ ညာ အပိုင်း နဲ့ လိုအပ်တဲ့ ပစ္စည်း များ ၀ယ်ဖို့ ချေးငွေ သဘောမျိုး မဟုတ် ဘဲ နှစ် နှိင်ငံ အကြီး အကဲ များရဲ့ ညှိ နှိုင်း ဆွေးနွေး မှု အရ ကူညီ ထောက်ပံ့ မှု သက်သက် သာ ဖြစ် ပါတယ် ဟု ၎င်း က ဆက်လက် ပြောကြား ခဲ့ သည်။ ဆီးဂိမ်း ပြိုင်ပွဲကြီး တစ်ခု လုံး၏ စုစုပေါင်း ကုန်ကျ ငွေမှာ ကျပ် (၃၃ ဒသမ ၉၅၈) ဘီလီ ယံ၊ အမေ ရိ ကန်ဒေါ်လာ (၁၁ ဒသမ ၉၅၅) သန်း၊ ကနေဒါ ဒေါ်လာ(၄၆၀၀ဒသမ၀၃) နှင့် စင်ကာပူ ဒေါ်လာ (၇၀၀၀၀) တို့ ကို ပြည်ထောင်စု ဘဏ္ဍာရန် ပုံငွေ မှ ကျခံ သုံးစွဲ ခဲ့ ကြောင်း အား ကစား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးသောင်းထိုက် က ပြောသည်။ တရုတ် နိုင်ငံ မှ အားကစား နည်း (၁၁) မျိုး အတွက် အမေ ရိကန် ဒေါ်လာ (၈ ဒသမ ၉) သန်း နှင့် ညီမျှ သော ယွမ်ငွေ (၅၃ ဒသမ ၄) သန်း၊ ပြိုင်ပွဲ ယှဉ်ပြိုင်မှု စနစ် နည်း ပညာ များ အတွက် အမေရိကန် ဒေါ်လာ (၆ဒသမ၄၇၈) သန်း နှင့် ညီမျှ သော ယွမ်ငွေ (၃၈ ဒသမ ၈၇) သန်း နှင့် ပြိုင်ပွဲ သုံး အား ကစားနည်း (၁၄) မျိုး အတွက် အထောက် အကူပြု ပစ္စည်း များ အတွက် အမေရိကန် ဒေါ်လာ (၂ ဒသမ ၈) သန်းနှင့် ညီမျှ သော ယွမ်ငွေ (၁၇ ဒသမ ၁၆ ) သန်း၊ စုစုပေါင်း ထောက်ပံ့ ကူညီမှု အမေ ရိကန် ဒေါ်လာ (၁၈ ဒသမ၂၃၈) သန်း နှင့် ညီမျှ သော ယွမ်ငွေ (၁၀၉ ဒသမ ၄၃) သန်း ကို ထောက်ပံ့ ပေး ကြောင်း သိရသည်။
Messenger News Journal