ဗီယက်နမ်တို့၏ ပထမဦးဆုံးရေငုပ်သင်္ဘော

ပို့စ်တင်ချိန် - 3/04/2014 11:02:00 PM


၂၀၁၃ ခုနှစ်၏ နှစ်ကုန်ပိုင်းရက်များက ဗီယက်နမ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ ထုတ်လုပ်သော Kilo Class အမျိုးအစားဖြစ်သော ၄င်းတို့၏ ပထမဆုံးရေငုပ်သင်္ဘောကို လက်ခံရရှိခဲ့ပါသည်။ အဆိုပါ ရေငုပ်သင်္ဘောမှာ ၀ယ်ယူထားသည့် ၆ စီးအနက်မှ ပထမဦးဆုံးတစ်စီးဖြစ်ပြီး ရေငုပ်သင်္ဘောများမှာ ၂၀၀၉ ခုနှစ်ကတည်း ကပင် မှာယူထားခြင်းဖြစ်ကာ ကုန်ကျငွေအားဖြင့် ဒေါ်လာ ၂.၁ ဘီလီယမ်ရှိပါသည်။

ရေငုပ်သင်္ဘောများအနေဖြင့် ရေနက်ဆိပ်ကမ်း Cam Ranh Bay တွင်အခြေစိုက်မည်ဖြစ်ပြီး ၄င်းဆိပ်ကမ်းမှာ ၁၉၆၀ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံမှ ကုန်သွယ်မှုနှင့် သင်္ဘောပြင်ဆင်မှု လုပ်ငန်းများ အတွက် ပြုပြင်မွန်းမံထားခြင်းဖြစ်ပါသည်။ ရုရှားသင်္ဘောများအနေဖြင့်လည်း အဆိုပါ ဆိပ်ကမ်းကို ရာစုနှစ်သုံးဆယ်ကျော်အထိ အသုံးပြုခဲ့သည်ဟုလည်း သိရှိရပါသည်။

ရေငုပ်သင်္ဘောအနေဖြင့် အလေးချိန် ၂၃၀၀ တန်လေးကာ တော်ပီဒိုပစ်စင် ၆ ခုပါဝင်ပြီး တပ်ဖွဲ့ဝင်အနေဖြင့် ၅၇ ယောက်တာဝန်ထမ်းဆောင်မည် ဖြစ်ပါသည်။ ကီလိုမီတာ ၇၀၀ သွားလာနိုင်ပြီး ရေအောက်တွင် တစ်နာရီလျှင် ၅ ကီလိုမီတာ သွားလာနိုင်ပါသည်။ Kilos ရေငုပ်သင်္ဘောများအနေဖြင့် တော်ပီဒို ၁၈ စင်း၊သို့မဟုတ် SS-N-27 တန်ပြန်သင်္ဘောဖျက်ဒုံးပျံ (အကွာအဝေး ၃၀၀ ကီလိုမီတာရောက်ရှိနိုင်) များကို သယ်ဆောင်နိုင်စွမ်းရှိပြီး ၄င်းဒုံးပျံတို့အား ရေအောက်မှပင် တော်ပီဒိုပစ်လွှတ်စင်ကို အသုံးပြု၍ ပစ်ခတ်နိုင်ပါသည်။ ထိုသို့သော စွမ်းဆောင်ရည်များကြောင့် Kilo ရေငုပ်သင်္ဘောများသည် စစ်သင်္ဘောများ အတွက် အန္တရာယ် ကြီးမားသော အဆင့်တွင် တည်ရှိနေပေသည်။

မြောက်ကိုရီးယား၊ တရုတ်၊ အီရန်နိုင်ငံတို့သည်လည်း Kilos ရေငုပ်သင်္ဘောများကို ၀ယ်ယူထားကြပြီး တရုတ်နိုင်ငံအနေဖြင့် Kilos ရေငုပ်သင်္ဘောများကို ကိုယ်ပိုင်တည်ဆောက်ထားသည်ဟုလည်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံမှ ယခုဝယ်ယူလိုက်သည့် ရေငုပ်သင်္ဘောမှာ လေကိုမှီခို၍မောင်းနှင်ရသော Air Independent Propulsion-AIP စနစ်မပါဝင်သောကြောင့် ဈေးနှုန်းသက်သာရခြင်း ဖြစ်သည်ဟု ထင်မြင်လျက်ရှိကြပြီး ၄င်းစနစ်သည် နျူကလီးယားအသုံးမပြုသော ရေငုပ်သင်္ဘောများအတွက် ရေအောက်တွင် တပတ်ခန့် ငုပ်နိုင်အောင် စွမ်းဆောင်နိုင်သည်ဟု သိရှိရသည်။

ယခုအခါ Kilos ရေငုပ်သင်္ဘောများသည် ဗီယက်နမ်ရေတပ်အတွက် ပထမဆုံးရေငုပ်သင်္ဘောများ ဖြစ် လာခဲ့ပြီး တရုတ်နိုင်ငံ၏ ရေတပ်စွမ်းအားကို တစ်စုံတစ်ခုအထိ ဆန့်ကျင်ရန်အတွက် အင်အားဖြစ်စေခဲ့ပြီ ဖြစ်ပါသည်။

ပြန်ဆိုသူ- World Wide
Ref:strategypage
TechSpace Journal